Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts

Wednesday, July 29, 2009

ဘောလုံးပွဲ

အခုဆိုရင်…
သူတို့တွေ
ချွေးသံရွှဲရွှဲနဲ့
မျှော်လင့်ခြင်းတွေကို
ကန်ထုတ်တတ်နေကြပြီ…

အခုဆိုရင်…
သူတို့တွေ
ရာသီတစ်ခုလုံးရဲ့
အကောင်းဆုံးဖလားအတွက်
အသက်ရှုသံတွေပြင်းထန်နေကြပြီ..

အခုဆိုရင်…
သူတို့တွေ
ကိုယ့်လူမျိုးအတွက်ဆိုပြီး
လှေခွက်ချည်းကျန် အလံမလှဲ
မိုးထဲလေထဲမှာ
မောပန်းဖို့မေ့နေလောက်ကြပြီ..

ဖြစ်နိုင်ရင်
လက်ခုပ်လက်ဝါးတီး
ငါကိုယ်တိုင် ဘေးမှာထိုင်ပြီး
အားပေးလိုက်ချင်ရဲ့…

အဲဒီလိုအခွင့်မရရင်တောင်မှ
ဖြစ်နိုင်ရင်
ရုပ်မြင်သံကြားခလုတ်ကှိုနှိပ်
အစီအစဉ်ကြေငြာသူနဲ့
တိတ်တိတ်ရန်ဖြစ်လိုက်ချင်သေးတယ်..

ပျော်ရာမှာမနေရ..
တော်ရာမှာနေရ ဆိုပေမယ့်
နေမခတဲ့ နေ့တွေများလာတဲ့အခါ
ရာသီသုံးလီရှိတဲ့အရပ်ဆီ
ခြေကြွလို့သာလှမ်းချင်ပါတော့တယ်…

ဒီနေ့ညနေ…
အခုလောက်ဆို သုဝဏ္ဏအားကစားကွင်းတွင် လက်ခုပ်လက်ဝါးသံ၊ ဘင်ခရာသံ၊ လက်ခေါက်မှုတ်သံ၊ အားမလို အားမရ ဂိုးနားရောက်မှ ကန်ချက်လွဲသွားသဖြင့် “ဟာ..” ကနဲ အော်သံ စသည့်ဖြင့် သူ့အသင်း၊ ငါ့အသင်း သူ့ထက်ငါအပြိုင်အဆိုင် အားပေးသံများဖြင့် စီညံနေလောက်ပေပြီ။

ကျွန်တော်နိုင်ငံခြားဘောလုံးပွဲများကို အဲဒီလောက်စိတ်မဝင်စားပါ။ သို့သော် မြန်မာနိုင်ငံက ကန်သည့်ပွဲဆိုလျှင်တော့ မလွတ်တမ်းအားပေးဖြစ်သည်သာများသည်။
ငယ်စဉ်ကတည်းက ဘောလုံးကို ရူးခဲ့သော ကျွန်တော်တစ်ယောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားချန်ပီယံလိဂ်ကို ကွင်းထဲတွင်သာ ဆင်း၍ အားပေးလိုက်ချင်ပါသည်။ ကွင်းထဲမရောက်နိုင်ရင်တောင် ရုပ်မြင်သံကြားကြည့်၍ သူကိုယ်တိုင် ဝင်မကန်ရုံတမယ် ကြေငြာနေသောအစီအစဉ်ထုတ်လွှင့်သူနှင့် တစ်ယောက်တည်းရန်ဖြစ်ကာ အားပေးချင်ပါသည်။

အခုလာသော သတင်းအရ.. ပထမပိုင်း ဒုတိယပိုင်း အပြီးတွင် နှစ်ဖက်စလုံးက သရေပွဲဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အရင်က မြို့တော် ရန်ကုန်နှင့် ရှေးယခင်ကတည်းက ယဉ်ကျေးမှုဖြစ်တည်ရာ ဒုတိယအကြီးဆုံး မန္တလေးမြို့နှစ်မြို့ ၏ အားပြိုင်ပွဲဆိုလျှင်လည်းမမှားနိုင်ပါ။ ရန်ကုန်အသင်းကလည်း ပြိုင်ပွဲကို နိုင်လျှင် သိန်း ၅၀၀ နှင့် တစ်ထောင်အကြားပေးမည်..စသည်ဖြင့် ပရော်ဖက်ရှင်နယ် အားကစားသမားတွေကို အားပေးသလို ရတနာပုံအသင်းကလည်း ရထားတွဲများကို စီစဉ်ကာ မန်းသူ မန်းသားများအား ရန်ကုန်အထိ သွားလာစရိတ်ငြိမ်း အကုန်အကျခံကာ ဘောလုံးပွဲကို အားပေးရန်စီစဉ်သည်။

ပရိတ်သတ်များကလည်း အခုဆိုရင် သုဝဏ္ဏကွင်းထဲတွင် ပြည့်လျှံနေမည်ဆိုတာ ကျွန်တော့် စိတ်မှန်းထဲတွင်ပင် သေသေချာချာ မြင်ယောင်နေမိပါသည်။ အထူးတန်း၊ အရှေ့ဘက်တန်း၊ တောင်ဘက်တန်း၊ မြောက်ဘက်တန်း စသည့်ဖြင့် ကွင်းလျှံနေလောက်ပြီ။ ရတနာပုံပရိသတ်များကလည်း အပြာရောင်ကို ဝတ်ဆင်လို့…ရန်ကုန်ပရိတ်သတ်များကလည်း အစိမ်းနုရောင်ကို ဝတ်ဆင်လို့ အော်ဟစ်အားပေးနေကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

ယခုနောက်ဆုံး တင်လိုက်သောသတင်းအရ အချိန်ပိုအထိ သရေဖြစ်၍ ပန်နယ်လ်တီကန် ရာ ရတနာပုံအသင်းက ရန်ကုန်အသင်းကို အနိုင်ရရှိသွားပြီဖြစ်သည်။ ပန်နယ်လ်တီအဆုံးအဖြတ်သည် ပြောရခက်သည်။ ဖြစ်ချင်တိုင်းဖြစ်သွားနိုင်ရာ ယခု ရန်ကုန်အသင်းလည်း ချန်ပီယံဆုဖလားနှင့်ဝေးကွာရပြီဖြစ်သည်။ ရန်ကုန်အသင်း ပရိတ်သတ်များလည်း ကွင်းထဲတွင် ကြိတ်မနိုင်ခဲမရဖြစ်နေကြမည်မှာ အမှန်ပင်ဖြစ်သော်လည်း အနိုင်ရသည့် မန်းသူမန်းသားများကတော့ ပျော်ရွှင်နေကြမည်ပင်ဖြစ်သည်။ ဒါကတော့ နိုင်သူပျော်၊ ရှုံးသူမှိုင်သည့် ဘောလုံးဥပဒေသတစ်ရပ်ပင်။ သို့ပါသော်လည်း အားကစားဆိုသည်မှာ အသင်းစွဲ၊ နိုင်ငံစွဲထက် သူ့ထက်ငါ အနှိုင်မခံ၊ အရှုံးမပေး ယှဉ်ပြိုင်ကြရသည့်ပွဲမို့ ဘောလုံးပွဲများတွင် ကျွန်တော်သည် အသင်းစွဲထက် ဘောလုံးကန်ခြင်းအနုပညာကိုသာ အလေးပေး ကြည့်တတ်သည်။ တစ်ယောက်နှင့်တစ်ယောက် လိမ်ခေါက်ပုံ၊ အပေးအယူ လှပသေသပ်မှု၊ ဘောလုံးအထိန်းအသိမ်း၊ ကန်ချက် အပြင်း အပျော့၊ တစ်ကိုယ်ကောင်းဟုတ်၊ မဟုတ် အသင်းလိုက်ဆောင်ရွက်ချက် စသည်များကိုကြည့်ရသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလိုပင်။ ပြဇာတ်များတွင် စာရေးဆရာ ကောင်းလျှင် ကောင်းသလို ဇာတ်သိမ်းခန်းမည်သို့ ဖြစ်မည်ကို မသိနိုင်သကဲ့သို့ ဘောလုံးပွဲတွင်လည်း ခြေရည်တူသည့် အသင်းနှစ်သင်းတွေ့လျှင် ဘယ်အသင်းနို်င်မည်ဆိုသည်မှာ ဇာတ်ဝင်ခန်း၏ climax တစ်ခုကဲ့သို့ ဆွဲဆောင်အားပြင်းလှပေသည်။

အားကစားများမပေါ်ခင် ရှေးအခါက Gladiator များ အချင်းချင်းသတ်ဖြတ်ခြင်းများကို ကြည့်ကာ လူတို့ ပျော်ရွှင်မှုကို ရှာကြသည်။ ကျွန်များကို သင်တန်းပေး၊ ထို့နောက် ကျွန်အခြင်းခြင်းလှောင်အိမ်ထဲတွင် ကြက်ခွပ်သလို တိုက်ခိုင်းကာ ကြည့်ရှုသူများ ရင်သပ်ရှု့မောပျော်ရွှင်မှုကို ရှာကြသည်။ ထို့နောက်ပိုင်း တွေးခေါ်ပုံအဆင့်အတန်းမြင့်၍ အားကစားနည်းများ ပေါ်ပေါက်လာသောအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အားကစားနည်းမျိုးစုံ တွင် ပါဝင်ယှဉ်ပြိုင်ကာ အိုလံပစ်ပြိုင်ပွဲလို ပွဲကြီးများ ကျင်းပ၍ လူသားများကျန်းမာစေရန်နှင့် နိုင်ငံအချင်းချင်း ဂုဏ်သိက္ခာပြိုင်ဆိုင်မှု စိတ်လှုပ်ရှားမှုကို ရှာကြသည်။ ထူးချွန်သူအားကစားသမားများမှာလည်း သူဠေးသူကြွယ်၊ ရုပ်ရှင်မင်းသားမင်းသမီးများ တန်းတူ လူအများ၏ အလေးပေးမှုကို ခံလာရသည်။

အားကစားနည်းမျိုးစုံထဲမှ ဘောလုံးအားကစားမှာကား လူအများကြားရေပန်းအစားဆုံးလူကြိုက်အများဆုံးဖြစ်သည်။ သားရေဘောလုံးမပြောနှင့် ကျွန်တော်တို့ငယ်ငယ်က ပလတ်စတစ်ဘောလုံးတစ်လုံးလောက်နှင့်ပင် ကန်စရာ လမ်းမတစ်ခုရှိလျှင် အလုပ်ဖြစ်သည်။ ထိုကဲ့သို့ဖြင့် လူထုကြားဘောလုံးရောဂါပိုးကူးစက်သလို လျင်လျင်မြန်မြန်ပျံ့နှံ့သည်။ မြန်မာပြည်ရှိ ရပ်ကွက်ကြို ရပ်ကွက်ကြား လမ်းကြို လမ်းကြားများတွင်လည်း ဘောလုံးပွဲများရှိနေသကဲ့သို့၊ တောင်အာဖရိကကဲ့သို့သော နိုင်ငံများရှိ လမ်းကြိုလမ်းမများတွင် နှပ်ချေးတွဲလောင်းများ ကန်နေကြပေဦးမည်။ ထို့အတူ အင်္ဂလန်ရှိမြို့ကြီးပြကြီးများတွင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ အသည်းအသန်ကန်နေသကဲ့သို့၊ ကမ္ဘာ့ဖလားကဲ့သို့သော နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများမှာလည်း နောက်မျိုးဆက် များစွာတိုင်အောင် ရေပန်းစားနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

Monday, May 12, 2008

လှူကြပါ




ဒီနေ့ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ သူတို့တွေ မနေ့က နာဂစ်ဒုက္ခသည်တွေအတွက် စားစရာနဲ့ အဝတ်တွေလှူစရာ တွေကို ထန်းပင်ကုန်းရွာမှာလှူလို့ ရန်ကုန်ကိုပြန်လာကြတယ်။ ဒီအပတ် စနေ့နေ့မှာလည်း ဘိုကလေး၊ဖျာပုံစတဲ့ လူသိပ်မရောက်တဲ့ရွာတွေအထိ သွားပြီးလှူမယ်လို့ပြောတယ်။ သူတို့အဖွဲ့က MMA (Myanmar Medical Association)၊ ရည်ရွယ်ချက်က အကူအညီမရောက်နိုင်တဲ့နေရာတွေကို အဓိက ထားပြီး အလှူပေးဖို့ပါ။ အဲဒီတော့ စင်္ကာပူကလူများ သဒ္ဒါတတ်အားနည်းများမဆို အကူအညီပေးချင်ရင် ကျွန်တော့်ဆီကို ဆက်သွယ်ကြပါ။

dewaing@gmail.com PH:90089027

ရန်ကုန်ကအလှူရှင်များအတွက် ကိုဇော်လင်းထွန်း - HP: 098551342 ဆီကိုတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။


အားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူခံကြမယ်၊ လှူကြမယ်လို့ယုံကြည်ပါတယ်ဗျာ။ ဘာပဲပြောပြော လှူစရာနေရာများတော့ လုပ်အားပေးအဖွဲ့တွေလည်းများများလိုတာပေါ့။ ဒီအဖွဲတွေအားလုံးကို သာဓုခေါ်ပါတယ်ဗျာ…

စင်္ကာပူဒေါ်လာ ၃၂ = ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ် ၁ဖာ (၁ဖာ = ၆ဗူး၊ ၁ဗူး = အထုပ် ၃၀)

မှတ်ချက်။ ။ စက်ရုံအရင်းဈေးအတိုင်း

ထမင်းဘူး ၃ ယောက်စာ ဗမာငွေ ၂၈၀ ကျပ် = စင်္ကာပူ ၃ ၄ပြား

မှတ်ချက်။ ။ စင်္ကာပူ တစ်ဒေါ်လာကို ဗမာငွေ ကျပ် ၈၃၀ လဲလှယ်နှုန်းနှင့်တွက်သည်။\


အဲဒီတော့ ဘယ်လောက်ပဲလှူလှူ ကျွန်တော်တို့ဆီက စင်္ကာပူ တစ်ကျပ်ဆိုရင် ဟိုမှာ လူ ၆ယောက်လောက် ထမင်းစားနိုင်အောင် စီစဉ်ပေးတဲ့လူတွေရှိတော့ နည်းတယ်များတယ်သဘောမထားပဲ လှူကြပါဗျာ။ အားလုံးကို လည်း နာမည်နဲ့ စာရင်းနဲ့ ပြန်လည်ဖော်ပြပေးပါ့မယ်။


ဓာတ်ပုံများကြည့်ရန်


Monday, September 3, 2007

39th Merdeka (Malaysia 3- 1)

Before Final



At final



်fouls



ဒီပွဲနဲ့ပတ်သတ်ပြီး ဒီမှာ ဆွေးနွေးထားပါတယ်...

ဒီမှာတော့ တစ်ဖက်သတ်ပဲ ကြည့်ရသေးတယ်ဗျာ...ပွဲအပြည့်အစုံ ကိုတင်ပေးကြရင်ကောင်းမယ်

ပြီးခဲ့တဲ့နှစ်ကတော့ မလေးရှားရောက်တုန်းမို့လို့ မာဒေးကားကြည့်ဖြစ်လိုက်ပါတယ်။

ဒီနှစ်တော့ ပွဲကြီးပွဲကောင်းလွတ်သွားတယ်ဗျာ...