Wednesday, November 26, 2008

ခရီးသည်

ရှေ့ဆီကောင်းကင်၊ ပုလဲစင်ဝယ်
သစ်လွင်အရုဏ်၊ ရောင်ခြည်လှုံ၏။

ပျံ့ပျူးရွှင်ကြည်၊ သွင်းလေပြည်ဝယ်
ဖူးစည်ပွင့်စုံ၊ သရက်ထုံ၏။

ဆိတ်ငြိမ်သာမော၊ မြိုင်ညိုတော၌
ဥသြသံစုံ၊ တေးမျိုးပုံ၏။

သစ်ရိပ်ညိုမှ၊ စခန်းထသည့်
ရွှင်ပျသာကြည်၊ ခရီးသည်လည်း
ဖြိုးစည်သစ်ပွား၊ စွမ်းအင်အားနှင့်
“ယောက်ျား ငါကိုယ်”၊ မြွက်ဟဆို၍
မိုးကိုမျှော်မှန်း၊ ရှေ့ဆီလှမ်းသည်
နှုတ်ခွန်းနေသို့ဆက်မည်တည်း။ ။

မင်းသုဝဏ်

No comments:

Post a Comment