နွေတန်ခူးမို့
လေရူးတို့
သွေစို့ပြန်သနော်
ဖြေလျှော့ကာပူ
နေတော့မူ
ကြံယူသော်လည်း
ခါသင်္ကြန်မာန်
လာပြန်ဟန်
တစ်ဖန်နွှဲရပါ့
မြေသင်းနံ့တေး
ပိတောက်မွှေး
ခိုင်လေးညှာတံငယ်ကို
မလေးကေသာ
ပိတုန်းဖြာ
ဆံဗျာစမှာပ
ပန်လိုက်ကဲ့လေး…
(မြန်မာသံပေါက်ကဗျာပါ...ကာရန်ကဗျာ စပ်ရတာပျော်ဖို့ကောင်းတယ်)
စောစောဆောင်း
-
==========
ကိုယ့်လိပ်ပြာကို ဝိုင်ဖိုင်ပတ်စဝဒ် နဲ့ လဲ လိုက်ရပြီ
ကား နဲ့ ရထား ဟာ တလမ်းထဲ သွားနေပေမဲ့
အမှိုက်တွေကျ တပုံးထဲ မထား
ရေလဲ ရှားတယ်
လေလဲ ပါးတယ်
...
ကဗျာလေးကောင်းတယ်..
ReplyDeleteကာရန်ကဗျာကစပ်ရတာ ကျမအတွက်တော့ ခက်တယ်