Thursday, September 25, 2008

ဓာတ်ခွဲစမ်းသပ်ခြင်း

နာမည် - ဒီဝိုင်း၊ ဒိုင်းဝီ၊ အပျိုတွေရဲ့.. ကိုစက်
သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - လာပါဦး….
ကိုယ်ဒီမှာ နေတယ် - ကင်းတဲ..
ကိုယ့်ဆီဖုန်းဆက်ချင်ရင် - လူကြီးမင်းနဲ့အရင်တွေ့မယ်

ကိုယ့်ရဲ့ အကြိုက်ဆုံးတွေက
အရောင်ဆိုရင် - ကာလာဘလိုင်း
အ၀တ်အစားဆိုရင် - ကျောက်ခေတ်ဖက်ရှင်
အစားအစာဆိုရင် - ဘယာကြော်
ပစ္စည်းဆိုရင် - ၂၄ ပစ္စည်း
သီချင်းဆိုရင် - မီးဘေးရှောင်လို့မလောင်ခင်တားကြပါ…
စာရေးဆရာ - ခါးပိုက်နှိုက်သတိပြု ရေးသူ
Life style - မဂ္ဂဇင်း
ကိုယ့်ရဲ့ ၀ါသနာ - အိပ်ခြင်းနဲ့ စားခြင်း၊ ခရီးသွားခြင်းနဲ့ အမြည်းစားခြင်း..
အလိုချင်ဆုံး လက်ဆောင် - လိုတရ ပတ္တမြား ၁၇ လုံးလောက်
ကိုယ့်ရဲ့ အချစ်ဆုံးသူက - ဘယ်သူပါလိမ့်…
ကိုယ့်ရဲ့ အလေးစားဆုံးသူက - မထသလိုင်းကား ဒရိုင်ဘာများ..ကားစုတ်ကိုရအောင်မောင်း၍
ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်းက - မမွေးသေးဘူး
ကိုယ့်ကို အများဆုံး နားလည်မှုပေးနိုင်သူက - ကိုယ့်နားရွက်..
ကိုယ့်ရဲ့ အမုန်းဆုံးသူက - ဟိုလူကြီး…
ရင်အခုန်ဆုံး အချိန် - ခရီးသွားရင်း ပေါက်တောသွားချင်တဲ့အချိန်..
အကြောက်ဆုံး အချိန် - ဓာတ်လှေကားတို့ ရထားတို့ပေါ်မှာ ဘေးကလူ လေလည်တဲ့အချိန်..
အပျော်ဆုံး အချိန် - အိပ်ယာထ ရေသောက် ဝိတ်လျှော့ပြီးတဲ့အချိန်…
အမှတ်တရနေ့ - သူငယ်တန်းတုန်းက ရည်းစားစာပေးတဲ့နေ့..
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းမဲ့ဆု - ကမ္ဘာပေါ်က လူပျိုကြီး အပျိုကြီးတွေ မြန်မြန်စွံပါစေ..

အချစ် ဆိုတာ - ရင်ထဲက ကလိကလိဖြစ်ခြင်း..
အမုန်း ဆိုတာ - အရမ်းအရမ်းလို့ပြောတာလေ..အမုန်းဆွဲပြီး ဗုံးကြဲမယ်တဲ့
အလွမ်း ဆိုတာ - ဘီအီးဆိုင်ရဲ့နာမည်… လွမ်းတဲ့လူတွေလာသောက်လွန်းလို့
သံယောဇဉ် ဆိုတာ - အပေါင်ဆိုင်ရဲ့နာမည်.. သံယောဇဉ်တွေကျန်ကျန်ခဲ့လွန်းလို့..
ဘ၀ ဆိုတာ - ဘပိန်မဟုတ်ဘူးပေါ့ဗျာ..
သူငယ်ချင်း ဆိုတာ - တကယ်ဗြင်းတဲ့ကောင်တွေ..
ချစ်သူ ဆိုတာ - ခြူသစ်လေ.. တာယာပွကြီး ကာတွန်းဇာတ်ညွှန်းရေးတယ်..
ကိုယ့်ကိုယ်ကို ဒီလို ထင်တယ် - တံတွေး တဗျစ်ဗျစ် ထွေးတတ်တဲ့ကောင်..
ကိုယ့်ရဲ့ လက်စွဲဆောင်ပုဒ်က - မိတ်ဆွေ...မိမိကိစ္စပြီးတိုင်း ရေလောင်းပါ..
အပြောချင်ဆုံး စကားတခွန်း - လိမ္မာရစ်ကြပါ…(သေခါနီးအိုက်တင်နဲ့ပြော)

မှတ်ချက်…ဘယ်သူမှမတက်ခ်ပဲ ကိုယ့်ဟာကိုယ်ပြန်တက်ခ်၍ရေးသည်..