Showing posts with label Donation. Show all posts
Showing posts with label Donation. Show all posts

Monday, May 12, 2008

လှူကြပါ




ဒီနေ့ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ သူတို့တွေ မနေ့က နာဂစ်ဒုက္ခသည်တွေအတွက် စားစရာနဲ့ အဝတ်တွေလှူစရာ တွေကို ထန်းပင်ကုန်းရွာမှာလှူလို့ ရန်ကုန်ကိုပြန်လာကြတယ်။ ဒီအပတ် စနေ့နေ့မှာလည်း ဘိုကလေး၊ဖျာပုံစတဲ့ လူသိပ်မရောက်တဲ့ရွာတွေအထိ သွားပြီးလှူမယ်လို့ပြောတယ်။ သူတို့အဖွဲ့က MMA (Myanmar Medical Association)၊ ရည်ရွယ်ချက်က အကူအညီမရောက်နိုင်တဲ့နေရာတွေကို အဓိက ထားပြီး အလှူပေးဖို့ပါ။ အဲဒီတော့ စင်္ကာပူကလူများ သဒ္ဒါတတ်အားနည်းများမဆို အကူအညီပေးချင်ရင် ကျွန်တော့်ဆီကို ဆက်သွယ်ကြပါ။

dewaing@gmail.com PH:90089027

ရန်ကုန်ကအလှူရှင်များအတွက် ကိုဇော်လင်းထွန်း - HP: 098551342 ဆီကိုတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။


အားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူခံကြမယ်၊ လှူကြမယ်လို့ယုံကြည်ပါတယ်ဗျာ။ ဘာပဲပြောပြော လှူစရာနေရာများတော့ လုပ်အားပေးအဖွဲ့တွေလည်းများများလိုတာပေါ့။ ဒီအဖွဲတွေအားလုံးကို သာဓုခေါ်ပါတယ်ဗျာ…

စင်္ကာပူဒေါ်လာ ၃၂ = ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ် ၁ဖာ (၁ဖာ = ၆ဗူး၊ ၁ဗူး = အထုပ် ၃၀)

မှတ်ချက်။ ။ စက်ရုံအရင်းဈေးအတိုင်း

ထမင်းဘူး ၃ ယောက်စာ ဗမာငွေ ၂၈၀ ကျပ် = စင်္ကာပူ ၃ ၄ပြား

မှတ်ချက်။ ။ စင်္ကာပူ တစ်ဒေါ်လာကို ဗမာငွေ ကျပ် ၈၃၀ လဲလှယ်နှုန်းနှင့်တွက်သည်။\


အဲဒီတော့ ဘယ်လောက်ပဲလှူလှူ ကျွန်တော်တို့ဆီက စင်္ကာပူ တစ်ကျပ်ဆိုရင် ဟိုမှာ လူ ၆ယောက်လောက် ထမင်းစားနိုင်အောင် စီစဉ်ပေးတဲ့လူတွေရှိတော့ နည်းတယ်များတယ်သဘောမထားပဲ လှူကြပါဗျာ။ အားလုံးကို လည်း နာမည်နဲ့ စာရင်းနဲ့ ပြန်လည်ဖော်ပြပေးပါ့မယ်။


ဓာတ်ပုံများကြည့်ရန်