ဒီနေ့ရန်ကုန်က သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ သူတို့တွေ မနေ့က နာဂစ်ဒုက္ခသည်တွေအတွက် စားစရာနဲ့ အဝတ်တွေလှူစရာ တွေကို ထန်းပင်ကုန်းရွာမှာလှူလို့ ရန်ကုန်ကိုပြန်လာကြတယ်။ ဒီအပတ် စနေ့နေ့မှာလည်း ဘိုကလေး၊ဖျာပုံစတဲ့ လူသိပ်မရောက်တဲ့ရွာတွေအထိ သွားပြီးလှူမယ်လို့ပြောတယ်။ သူတို့အဖွဲ့က MMA (
dewaing@gmail.com PH:90089027
ရန်ကုန်ကအလှူရှင်များအတွက် ကိုဇော်လင်းထွန်း - HP: 098551342 ဆီကိုတိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
အားလုံးလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလှူခံကြမယ်၊ လှူကြမယ်လို့ယုံကြည်ပါတယ်ဗျာ။ ဘာပဲပြောပြော လှူစရာနေရာများတော့ လုပ်အားပေးအဖွဲ့တွေလည်းများများလိုတာပေါ့။ ဒီအဖွဲတွေအားလုံးကို သာဓုခေါ်ပါတယ်ဗျာ…
စင်္ကာပူဒေါ်လာ ၃၂ = ယမ်ယမ် ခေါက်ဆွဲခြောက်ထုပ် ၁ဖာ (၁ဖာ = ၆ဗူး၊ ၁ဗူး = အထုပ် ၃၀)
မှတ်ချက်။ ။ စက်ရုံအရင်းဈေးအတိုင်း
ထမင်းဘူး ၃ ယောက်စာ ဗမာငွေ ၂၈၀ ကျပ် = စင်္ကာပူ ၃ ၄ပြား
မှတ်ချက်။ ။ စင်္ကာပူ တစ်ဒေါ်လာကို ဗမာငွေ ကျပ် ၈၃၀ လဲလှယ်နှုန်းနှင့်တွက်သည်။\
အဲဒီတော့ ဘယ်လောက်ပဲလှူလှူ ကျွန်တော်တို့ဆီက စင်္ကာပူ တစ်ကျပ်ဆိုရင် ဟိုမှာ လူ ၆ယောက်လောက် ထမင်းစားနိုင်အောင် စီစဉ်ပေးတဲ့လူတွေရှိတော့ နည်းတယ်များတယ်သဘောမထားပဲ လှူကြပါဗျာ။ အားလုံးကို လည်း နာမည်နဲ့ စာရင်းနဲ့ ပြန်လည်ဖော်ပြပေးပါ့မယ်။
No comments:
Post a Comment