Monday, May 12, 2008

ဒိဋ္ဌိ

ငါ့နေ့နဲ့ညတွေမှာ

သတင်းဆိုးတွေနဲ့

အလင်းချိုးလို့နေတယ်…


ခန္ဓာကိုယ်အဟောင်းတွေနဲ့

မြင်မကောင်းသော “မြစ်”များ

အဲဒီမှာ

ဧရာဝတီအဆုံးသတ်ဟာ

ညှီနံ့သင်းခဲ့ရ..

အိမ်ခေါင်မိုးတွေ

အပြိုင်းပြိုင်းထလို့နေလေရဲ့…


သားပျောက်တဲ့ အမေအိုတွေရှိသလို

အမေပျောက်တဲ့ သားများ.. အဲလို

မ ဖြစ်သင့်တာတွေဖြစ်

ဖြစ်သင့်တာတွေ မဖြစ်ခြင်းကို

တရားနဲ့ဖြေကြေးဆို

ငါနာမည်ဘေးမှာ

ဒိဋ္ဌိ ဆိုတာကို ဖြည့်ရေးလိုက်


လူသားတစ်ယောက်ရဲ့နောက်ဆုံးခရီးအတွက်

သုဘရာဇာတစ်ယောက်လို

ပိုင်ရှင်မဲ့ခန္ဓာတွေကို

မြေမြှုပ်လိုက်ချင်တယ်..

No comments:

Post a Comment