Material လောကကြီးမှာ
တရက်ပြီးတရက် ငါဟာမောလာပြီ…
ဖျက်ဆီးခဲ့တဲ့ အိပ်မက်တွေ
မပြတ်ခရီးဆက်နေဆဲ
ငါ့မှာ ဓာတ်မီးတစ်လက်လည်းမပါ
အထက်စီးဆန်တဲ့ စကားလုံးတွေ
ဘဝဂ်မီးလျှံတဲ့ အခိုးအငွေ့တွေ
ရမ္မက်ဖီးလ်ထန်စေတဲ့ အထိအတွေ့
ဘာတွေပဲဖြစ်ဖြစ် တစ်နေ့တော့
ငါတို့အားလုံး လက်ချည်းပြန်ရမှာပဲ..
ထပ်မညည်းချင်ပြန်နဲ့ ဒီဒုက္ခကပ်ဆိုးတွေအကြောင်း
လက်ခ်ျမီးနတ်သမီးလည်း မကယ်နိုင်ဘူး
ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားမှတော့
ကိုယ့်ဘာသာကို ဝက်ထီးကန်မှာ ဆက်ပြီး ခံ, စံ
ငါသိတယ်..လူတွေက ခွက်ကြီးလန်အောင် ဝိုင်းရယ်ကြဦးမှာ
လက်သီးချက်တွေများတဲ့ မနက်ဖြန်မှာ
ငါဟာလက်ဝှေ့အိတ်လို ဖက်တီးဟန်ဖြစ်လာ
မပျက်စီးပဲကျန်တာဆိုလို့
ဖြစ်, ပျက် ခြင်းပဲရှိတယ်… အဲဒီတော့ ထပ်သရီး ဆိုပြီး ထပ်ပြီး မမဲ့နဲ့
ပြောရင်းနဲ့တောင် ချေချင်လာပြီ
ဟတ်ချီး…ဟတ်ချီး…
ပုဒ်မတစ်ခုချ၊ တစ်လက်မခန့်အကွာမှာ နောက်တစ်ခုထပ်ချ (ပြီးရင်ပြီးပြီ)
-
မနေ့ကလိုပဲ ဒီဇင်ဘာ ၄ ဟာ
သတိမရတစ်ချက် ရတစ်ချက်နဲ့ ငါ့ဆီရောက်လာတယ်
သြော်....နှစ်ဆယ့်တစ်နှစ်တောင် ပြည့်ခဲ့ပေါ့ (အော်....!)
ဒီမြေကြီးကို ငါ့လက်နဲ့ငါ တူးယက်...