Thursday, October 23, 2008

မနက်ဖြန်

ရက်လွန်နေတဲ့ အချစ်တစ်ချို့နဲ့..
အခန်းတံခါးကိုဆွဲဖွင့်…
အခန်းထဲမှာ သူမ..ရှိနေမှာမဟုတ်မှန်းလည်း သိနေရက်နဲ့..

ပင်လယ်လိုမျှော်လင့်ခြင်းတွေဟာ အဆိပ်တွေကို အခိုင်လိုက် ပွင့်စေခဲ့..
ကျွန်တော်ကိုယ်တိုင် ရေမှန်မှန်လောင်းပေးခဲ့တာပါ..

ဂျစ်ပဆီသမိုင်းတွေထဲ ဝင်အိပ်
ခပ်ရိုင်းရိုင်း မူးမှိတ်လိုက်ချင်ပေမယ့်လည်း
မေ့လျော့ခြင်းတွေက မင်းနာမည်ကို အစားထိုးလို့မရနိုင်ခဲ့ဘူး..
မေ့လို့မရခဲ့ဘူး..

ထမင်းလုံးတစ္ဆေမလေးရေ..
မင်းအတွက်ဆိုရင် ငါ့အိပ်မက်တွေကို
ညတိုင်းတံခါးဖွင့်ပေးထားတယ်လေ..

မနေ့က ငါ့ပုခုံးပေါ်ကိုကျလာတဲ့ နေရောင်အနွေးဓာတ်က
ဒီနေ့လည်းငါ့ကို မနွေးထွေးစေဘူး…
မင်းရဲ့ရင်ငွေ့တွေကိုတမ်းတ..
အက်စကီးမိုးတွေကို ငါ ..
ကိုယ်ချင်းစာတတ်လာတယ်..
ငါ့တစ်ကိုယ်လုံးသွေးခဲနေပြီလေ..

ဆော်လမွန်တွေကိုလည်း နှုတ်မဆက်နိုင်တော့ပါဘူး..
မိုင်ထောင်ချီတဲ့ အလွမ်းတွေကိုပျိုး..
ပြန်မရနိုင်တဲ့ စက္ကန့်တွေကို
အော်..ခေါ်ရင်းနဲ့
လဲ..ပြို..ကျ..သွား
ငါ့ဝိဥာဉ်နဲ့ ပန်းတစ်ပွင့်ကို ဖန်ဆင်းပေးလိုက်တယ်..
မနက်ဖြန်မင်းရဲ့ မင်္ဂလာဆောင်မှာ တင့်တယ်နေပါစေ..

Friday, October 17, 2008

ကျွန်တော်နှင့်ပိုင်းလော့ခ်ပိုး

ဒီနေ့ ဒုတိယအကြိမ်အဖြစ် ပိုင်းလောခ့်အင်တာဗျူးဝင်ဖြစ်တယ်ဗျာ..
ထင်ထားတာတွေမမေးပဲ မထင်ထားတာတွေနဲ့ကိုင်တော့တာပဲ..
အင်တာဗျူးဆိုတာက ကျွန်တော့်အတွက်က ရိုးအီနေပြီ.. ခဏခဏ အလုပ်ပြောင်းနေတော့ အင်တာဗျူးကကျွန်တော့်အတွက် အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ.. ဒါပေမယ့်ဒီနေ့ကတော့ စပါယ်ရှယ်ပဲဗျို့..
အီစလံဝေနေတာပဲ..ဒါကိုဖတ်ဖြစ်တဲ့လူရှိရင်လည်း မေးခွန်းတွေသိရအောင်..

Tell me about yourself? (ဒါကတော့ ရိုးအီနေတဲ့မေးခွန်းပါ)

Are you staying alone here or with your family?

So this is your second time? Why didn't you pass through first time? (အမှန်ကတော့ ပထမအကြိမ်တုန်းက First round အင်တာဗျူးအောင်တယ်..ဒါပေမယ့် စလုံးအစိုးရနဲ့ သုံးနှစ်အလုပ်လုပ်ပါမယ်ဆိုတဲ့ စာချုပ်အကြောင်းကိုပြောမိတော့ အဲလိုဆိုမရဘူးဆိုပြီး..အဲဒီမှာ တစ်သွားတာဗျို့ အဲလိုဖြေချင်တာမှ ပါးစပ်ကိုယားနေတာပဲ..) ဒါပေမယ့် I am not sure ပဲဖြေတာပေါ့..ဘာရမလဲ...

So you came here to study? Which school are you from?

So why do you want to be a pilot?

What is your current job?

Tell me about airplanes..?
အဲဒီမှာကျွန်တော်က Flying Theory ကို ရှင်းပြလိုက်တယ်..
Thrust, drag, lift and weight အကြောင်း..
Thrust ဆိုတာက လေယာဉ်ရဲ့ ဂျက်အင်ဂျင်က ပန်ကာလည်ရင် ရလာတဲ့ energy ကနေ အရှေ့ကိုရွေ့တဲ့အား..
အဲလိုပြေးလမ်းပေါ်မှာစပြေးပြီဆိုရင် air resistance ရှိတယ်..အဲဒါက drag ဆိုတဲ့ အားလေယာဉ်ကိုသက်ရောက်တယ်..
Lift က လေယာဉ်ရဲ့curve တောင်ပံဒီဇိုင်းအရ aerodynamic force ကိုရစေပြီး ပြေးလမ်းမှာအရှိန်ရလေလေ လေယာဉ်ကို အောက်ကလေက ပင့်ပေးလေလေ အဲဒီမှာလေယာဉ်ရဲ့ အလေးချိန် Weight ကနည်းလာတယ်..အဲဒီမှာ Air borne ဖြစ်တယ်ပေါ့ဗျာ..

လေယာဉ် Take Off လုပ်ဖို့အတွက် Thrust must be greater than Drag and Lift must be greater than Weight.
လေယာဉ် ဆင်းမယ်ဆိုရင်တော့ Vice versa ပေါ့ဗျာ..

Tell me about Flight controls..
Rudder တော့သိတယ်ဗျာ..ကျန်တဲ့ထွေလီကာလီတွေကတော့ မသိဘူး..

Do you drive car? If yes, tell me about how does engine work?

How about Motorcycle? What is the difference?

What sort of engines does 747 uses? Give me some names..
Roll Royce, GE

Roll Royce is a car company as well.. so where is it from?
Colonial လို့ ပြောမှတော့ England ကပေါ့ဗျာ..

How about Boeing company? Where is it from?
်U San Aung ဆီကပေါ့ဗျာ (USA) Which state of US? စားတယ်ဗျာ..

What is the company of A380?
Airbus..

Which country does A380 come from?
France မှာ Assemble လုပ်တယ် Parts တွေကို တစ်ခြား Europe နိုင်ငံတွေက ဝယ်တယ်.. လို့ဖြေတော့ Germany မှာလည်းရှိသေးတယ်တဲ့ဗျာ..အဲဒါတော့ အီဖေစကိုလည်းမသိဘူး..


What is the Longitude and Latitude of SG?

How do you calculate time from the Greenwich mean line?

So do you go back often? What is the height that Silk Air usually fly to YGN?

Do you read newspapers? What's the news back home in YGN?
How about Thailand? What's happening in Cambodia?
ဒါကတော့ အေးဆေး..လျှောက်ရွှီးတာပေါ့ဗျာ..

Do you have any questions?

.....အဲဒါပါပဲ..ဒီတစ်ခေါက်က ပြင်ဆင်ချိန် ၂ ရက်ပဲရတယ်..

ပထမတစ်ခေါက်တုန်းက အဲဒီလောက်ဦးနှောက်မစားဘူးဗျို့..Interviewer Pilots တွေက သဘောကောင်းတယ်...ဒီတစ်ခေါက် ပိုင်းလောခ့်ကတော့ ပညာကို စပါယ်ရှယ်ပြတာပါပဲ..
အမေတို့ကယ်ပါ..အဖေတို့ကယ်ပါ..ယောက္ခမဘက်က အမျိုးတွေကယ်ပါလို့..တရမလိုဖြစ်နေပြီဗျာ..

ပထမဗျူးတုန်းက မတူသောမေးခွန်းများ

What is the capital of Cambodia?

Tell me about differences between A380 and 747?

How much do you know about SIA?

From SG to New York, which oceans and seas does the plane fly over?
South China Sea, Philippine Sea, North Pacific Ocean..

Friday, October 3, 2008

အလင်းစကား

အမှန်တရားအတွက်ကာကွယ်..အမှားအယွင်းတွေကို တိုက်ခိုက်ကြတဲ့အခါ..
မင်းအသက်နဲ့ ဘဝကို စွန့်လွှတ်ထားနိုင်မှ..
ယုံကြည်ပါ အမှန်တရား..
အရိုးသားဆုံးလှုပ်ရှား..
ဒုက္ခနဲ့ရင်ဆိုင်လာရင် မတုန်လှုပ်ဘူးမဟုတ်လား..


ထူးအိမ်သင်၏ အို..ညီလေးရေ သီချင်းမှ..