Thursday, October 23, 2008

မနက်ဖြန်

ရက်လွန်နေတဲ့ အချစ်တစ်ချို့နဲ့..
အခန်းတံခါးကိုဆွဲဖွင့်…
အခန်းထဲမှာ သူမ..ရှိနေမှာမဟုတ်မှန်းလည်း သိနေရက်နဲ့..

ပင်လယ်လိုမျှော်လင့်ခြင်းတွေဟာ အဆိပ်တွေကို အခိုင်လိုက် ပွင့်စေခဲ့..
ကျွန်တော်ကိုယ်တိုင် ရေမှန်မှန်လောင်းပေးခဲ့တာပါ..

ဂျစ်ပဆီသမိုင်းတွေထဲ ဝင်အိပ်
ခပ်ရိုင်းရိုင်း မူးမှိတ်လိုက်ချင်ပေမယ့်လည်း
မေ့လျော့ခြင်းတွေက မင်းနာမည်ကို အစားထိုးလို့မရနိုင်ခဲ့ဘူး..
မေ့လို့မရခဲ့ဘူး..

ထမင်းလုံးတစ္ဆေမလေးရေ..
မင်းအတွက်ဆိုရင် ငါ့အိပ်မက်တွေကို
ညတိုင်းတံခါးဖွင့်ပေးထားတယ်လေ..

မနေ့က ငါ့ပုခုံးပေါ်ကိုကျလာတဲ့ နေရောင်အနွေးဓာတ်က
ဒီနေ့လည်းငါ့ကို မနွေးထွေးစေဘူး…
မင်းရဲ့ရင်ငွေ့တွေကိုတမ်းတ..
အက်စကီးမိုးတွေကို ငါ ..
ကိုယ်ချင်းစာတတ်လာတယ်..
ငါ့တစ်ကိုယ်လုံးသွေးခဲနေပြီလေ..

ဆော်လမွန်တွေကိုလည်း နှုတ်မဆက်နိုင်တော့ပါဘူး..
မိုင်ထောင်ချီတဲ့ အလွမ်းတွေကိုပျိုး..
ပြန်မရနိုင်တဲ့ စက္ကန့်တွေကို
အော်..ခေါ်ရင်းနဲ့
လဲ..ပြို..ကျ..သွား
ငါ့ဝိဥာဉ်နဲ့ ပန်းတစ်ပွင့်ကို ဖန်ဆင်းပေးလိုက်တယ်..
မနက်ဖြန်မင်းရဲ့ မင်္ဂလာဆောင်မှာ တင့်တယ်နေပါစေ..

No comments:

Post a Comment