ကွန်ကရစ်ကို တိုးထွက်ပွင့်တဲ့ နှင်းဆီ
-
ကွန်ကရစ်သား အက်ကွဲကြောင်းလေးတစ်ခုကနေ ဖူးပွင့်ခဲ့တဲ့ နှင်းဆီတစ်ပွင့်အကြောင်း
ခင်ဗျား ကြားဖူးသလား
သဘာ၀ရဲ့ဥပဒေသတွေ မှားယွင်းကြောင်း သက်သေပြရင်း သူဟာ ခြေထော...
Thursday, December 26, 2024
မျှော်လင့်ချက်
ကျွန်တော်ဟာ ခင်ဗျားကို ချစ်မိတာမဟုတ်ပါဘူး
မျှော်လင့်ချက်တွေကို ချစ်မိတာပါ
ခင်ဗျားနဲ့အတူ ဘဝတစ်ခုကို စချင်တဲ့ဆိုတဲ့ မျှော်လင့်ချက်တွေပေါ့
ခရီးတွေအတူထွက် ကမ္ဘာတစ်ပတ် ပတ်ချင်တဲ့ မျှော်လင့်ချက်တွေ
မိုးရွာရွာနေပူပူ ဘဝတစ်ခုကို အတူရင်ဆိုင်ချင်တဲ့ မျှော်လင့်ချက်တွေ
အဘိုးအဘွား အရွယ်အထိ ခင်ဗျားလက်ကလေးကို ဆုပ်ကိုင်လိုတဲ့ မျှော်လင့်ချက်တွေ
မြေးတွေနဲ့အတူ ပြုံးရယ်နေမယ့် ခင်ဗျားကို တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ
ကိုယ့်အကျိုးကျေးဇူးမပါ ခင်ဗျားပျော်နေတာကို ပဲမြင်ချင်တဲ့ မျှော်လင့်ချက်တွေ
မနက်တိုင်း ခင်ဗျားပါးလေးကို နမ်းချင်တဲ့ မျှော်လင့်ချက်တွေ
ဘဝနိဂုံးချုပ်ချိန် ခင်ဗျားထက်အရင် ထွက်ခွာသွားချင်တဲ့ မျှော်လင့်ချက်တွေ
အဲလို မျှော်လင့်ချက်တွေကို ချစ်မိနေတဲ့လူပါ...
ခင်ဗျားမုန်းမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မေ့မိနေသူတစ်ယောက်ပေါ့...
ဒီလောက်ပါပဲ
Subscribe to:
Posts (Atom)