ည
အခုမှပဲ အလုပ်ကအိမ်ပြန်ရောက်သည်။ လက်ကစက်နာရီကို ကြည့်တော့ ကိုးနာရီ ခွဲ။ အား…လား…လား… စက်ဘဝရဲ့ မသေခင်အချိန်တွေကို စက်ပိုက်ဆံနဲ့လဲ။ ရလာတဲ့ မစွတ်မပွတ် စက်ဆံ နဲ့ စက်ပစ္စည်း တိုလီမုတ်တ စက်နည်းပညာ အသစ်ထွက်သမျှ လိုချင်။ ဒီလိုနဲ့ သမင်မွေးရင်းကျားစားရင်း ကြားက အထက်စက်သူဌေး နဲ့ စက်အထက်လူကြီးကိုလုပ်ကျွေး၊ စက်နိုင်ငံတော်ကို အခွန်ဆောင်၊ စက်ဖုန်းဘေလ်၊ ဟိုဟာဒီဟာ ဘာညာသာဓကာ ကိုဆောင်။ လလည်းကုန် အားလုံးလည်းပေါင်းရော ကိုစက်တက်တက်ပြောင်ပါလေရော။ ဒါတောင်စက်ရွှေရည်ဖိုးနဲ့ စက်ဖွာတော် အတွက်မနည်း စက်ဆံချန်ထားရတာ။ နို့မဟုတ်ရင် စက်ရုပ်အရမ်းပီသတဲ့ ကိုစက်ဖြစ်မှာဆိုးလို့။
စက်သူဌေးတွေကိုတော့ ခင်ဗျားတို့ကျတော့ကျိကျိတက် ကျုပ်ကျတော့ဘာလို့ ပြုတ်ပြုတ်ပြုန်းနေတာလည်း လို့သွားမမေးနဲ့။ ခင်ဗျားကို ဦးနှောက်မှမရှိတာကိုး ဆိုပြောလိမ့်မယ်။ ဘာ…ချမ်းသာဖို့နည်းလား…ဘယ်စက်သူဌေးမှသွားမမေးနဲ့ တက်ကျမ်းထဲကဟာတွေအလွတ်ရွတ်ပြလိမ့်မယ်။ သူတို့ဘယ်လောက်ခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်းခဲ့ရကြောင်း၊ ဘယ်လိုကြိုးစားခဲ့ကြောင်း စတာတွေပေါ့ဗျာ…ဟုတ်တာရောမဟုတ်တာရော ရွှီးလိမ့်မယ်။ ကိုစက်လည်း တက်ကျမ်းဖတ်တာ စာအုပ်ဖိုးကုန်တာပဲ အဖတ်တင်တယ်ဗျို့။ ရေးထားတာတော့ အပီ။ ခက်တာက လက်တွေ့ စက်ဘဝနဲ့ အရမ်းကွာခြားနေတယ်ဗျ။ အဓိက ကတော့ ကျကျမ်းကိုဖတ်ဗျို့။ လဲကျတိုင်း ပြန်ထဖို့ပေါ့။ အဲ…ကိုယ်ကျလို့ကျမှန်းတော့ သိဖို့လိုလိမ်မယ်ဗျ။ ဒါကတော့ ကိုစက်ရဲ့ ဗရွတ်ရွှတ်တ အိုင်ဒီယာနော်။ ကိုစက်က အဆင်းကိုလည်း အမြင်ကတ်ရင် ဘီးတပ်ပေးတပ်တယ်။ ကဲထားပါတော့…
ဒါနဲ့ အိမ်ထဲဝင်ဝင်ချင်း စက်အဝေးထိန်းခလုတ်ကို လှမ်းယူလိုက်သည်။ ထိုခလုတ်ကလည်း ပေါ့သေးသေးတော့မဟုတ်၊ တစ်ခုတည်းပေမယ့် အိမ်ရဲ့မီးအလင်းအမှောင်၊ လေအေးစက်အတိုးအလျော့၊ သုံးဖက်မြင်တီဗွီအဖွင့်အပိတ်၊ သီချင်းသံအတိုးအလျော့ အကုန်ကလိလို့ရသည်။ သြော်....စက်ရုပ်စက်ခလုတ်တွေရဲ့ တန်ခိုးပေကိုး။ ထူးတော့ထူးဆန်းတယ်ဗျ။ ဒီဘက် စက်ခေတ်ကလူတွေ စက်သီချင်းတောင်နားမထောင်တော့ ဘူးဆိုပဲ။ အလုပ်ပဲရှုပ်လို့လား။ နားထောင်ဖို့ အချိန်ပဲ မပေးနိုင်လို့လားမသိ။ ကိုစက်ကတော့ စက်သီချင်းဆို လာထား။ စက်အိုးစည်သီချင်းကစလို့ နောက်ဆုံးပေါ် စက်ရော့ခ် ရော၊ စက်ဟစ်ဟောပ့် အလွတ်ရွတ်ပြမယ်။ ကိုစက်ရဲ့ စက်ဦးနှောက်က တလွဲဆံပင်ကောင်း။ စက်ကျောင်းစာတို့၊ စက်အလုပ် အတွက်တို့ဆို မေ့ချင်မေ့မယ်။ စက်သီချင်းဆိုရင်တော့ စက်သီချင်းကြီးကစလို့၊ စက်မော်ဒန်သီချင်းအထိ အလွတ်ရသည်။ စက်ကျောင်းသားဘဝတုန်းကလည်း အတန်းထဲ ခုံခေါက်၊ စက်ဘော်ဒါတွေနဲ့ စက်သီချင်းအော်ဆိုလို့ စက်ဆရာမက လည်းအားကျမခံ ခေါင်းကို သံပေတံနဲ့ခေါက် စက်ဘုသီးလုံးတောင်အခုထိမပျောက်ချင်သေး။ စက်ကျောင်းတုန်းက ဘော်ဒါတစ်ချို့တောင် စက်ဇီးသီးတွေထုတ် စက်မလေးတွေရဲ့ အသည်းကျော်တောင်ဖြစ်နေပါပေါ့လား။ ကိုစက်မှာတော့ ဆိုရရင်တော်ပါပြီ ဖိုးဆိုချင်ဆိုတာတောင် ဇီးသီးထုတ်ဖို့နေနေသာသာ ဇီးပြားဖိုးပါမနည်းရှာနေရပါလား။
အူး….ဟူး….ဟူး……
ကဲလေမထူးပါဘူး ကိုယ့်ဘာသာကိုပဲဟစ်ဖို့ စက်ကာရာအိုကေဖွင့် စက်မိုက်ကရိုဖုန်းကိုကိုင် စက်စပီကာကို တစ်ဆုံးကျယ် ကိုယ့်အခန်းထဲကို စိတ်ရှိလက်ရှိ တစ်မုန်းအော်ပစ်လိုက်တာပေါ့။ ဘာရမလဲ။ စက်ရုပ်ခွေးကလေး ဘော်နီကတော့အားပေးတယ် ဗျို့။ သူ့သခင် ကိုစက်အသံကြားတာနဲ့ ဘယ်ချောင်သွား ပြီးအသံမကြားရအောင်ပုန်းနေ ပြီလည်းမသိဘူး။ ဒါနဲ့ ဟစ်ကောင်းကောင်းနဲ့ဟစ်လိုက်တာ ဘယ်လောက်ကြာတယ်မသိဘူး။ အခန်းတံခါးကို အပြင်ကလက်ပစ်ဗုံးနဲ့ ထုသလို တစ်ဒုံးဒုံး သံမြည်တော့မှ သိတယ်ဗျို့။ တံခါးပေါက်ကနေလည်း ချောင်းကြည့်ရော စက်ယူနီဖောင်းတွေနဲ့ စက်ရဲကိုကိုတွေရော စက်ရဲမမတွေရော ကျောက်ခဲနဲ့ထုရင်တောင် ကျောက်ခဲကွဲမယ့် မျက်နှာတွေနဲ့။ ဘေးအိမ် တစ်အိမ်အိမ်ကတော့ အမှုတွဲလိုက်ပြန်ပြီနဲ့တူတယ်ဗျို့။ မထူးပါဘူးလေ။ လာမယ့်ဘေးပြေးတွေ့ ရတာပ။
တံခါးလေးဖွင့်လိုက်တာနဲ့
“မင်းဘာကောင်လဲ… မှတ်ပုံတင်ပြ… ဒီအချိန်တစ်ခြားစက်တွေ အနားယူချိန်ဆိုတာမသိဘူးလား…
ကဲကွာလာ..စခန်းရောက်မှရှင်း” စက်ရဲကိုကို ကသူမွေးထားတဲ့သားကျနေတာပဲဗျာ… အော်နေ ဟစ်နေတာ…
အသက်က ယှဉ်ကြည့်ရင်တောင် ကိုစက် ကောင်းကောင်းလမ်းလျှောက်တတ်တဲ့အချိန် သူက ချီးလူးသေးလူး အရွယ်လောက်ရှိဦးမယ်။ ဒါပေမယ့် ကိုကမှားနေတာဆိုတော့ မျက်နှာချိုလေးသွေးပြီး (မှတ်ချက်။ ။ မျက်နှာဘယ်လို ချိုအောင် သွေးရလဲ ကိုစက်မသိပါ၊ တစ်ခါမလည်းမသွေးဘူး) မျက်နှာပေးပြောင်းပြီးမှ…
“မသိလို့ ပါအစ်ကိုရယ်… ကျွန်တော်အလုပ်ကပြန်ရောက်ရောက်ချင်း စိတ်အပန်းပြေအောင် စက်ကာရာအိုကေသီချင်းလေးဆိုနေတာပါဗျာ… ဘယ်အိမ်ကများအလိုက်ကန်းဆိုးမသိ…တိုင်လိုက်လည်းမသိပါဘူး”
အဲလိုပြောပြောချင်း “ဘာအလိုက်ကန်းဆိုးမသိလည်းကွ မင်းကိုတိုင်တာ တစ်အိမ်တည်းတောင်မဟုတ်ဘူး။ အိမ်နီးနားချင်းတွေအကုန်လုံးနီးပါးပဲ။ သီချင်းဆိုချင်လည်း စက်ကာရာအိုကေသွားဆိုပေါ့ကွ။ အခုဟာက မင်းကြီးတော်ပိုင်တဲ့တိုက်မဟုတ်ဘူး။” စက်ရဲကိုကို ကလည်း သည်းမခံပါဘူးဗျာ….
ကိုစက်ကလည်းတောင်းတောင်းပန်ပန်နဲ့ “ဟုတ်ပါပြီအစ်ကိုရယ် ဆောရီးပါ။ ဒီတိုက်ကျွန်တော့် ကြီးတော်ပိုင်ရင်လည်းရောင်းစားပြီး အခွေထုတ်လိုက်ပါပြီ။ သွေးပူချီနော် လို့” မျက်နှာကို ဆီးရွက်လောက် (အလွန်သေးငယ်သည့် ပမာဏ လောက်) ထားပြီးပြောမှ သကောင့်သားက နောက်လိုက်နောက်ပါတွေနဲ့ ကြွမြန်းတော်မူလေတယ်ဗျား… ဒါတောင်ကောင်းကောင်းမသွားဘူး။ စက်မှတ်ပုံတင်နံပါတ်နဲ့ ဖုန်းနံပါတ်မှတ်သွားသေးတယ်ဗျ။ နောက်တစ်ခါဆိုလည်း စက်စခန်းမှာ ကော်ဖီလိုက်သောက်လို့မှာသွားသေးတယ်။ မလိုက်ပေါင်ဗျာ… ဖွာတော်လေးဘာလေးပါမှ စဉ်းစားရင်စဉ်းစားမယ်။
အောင်မငှီး….ဟီး…ဟီး…
ဘယ်နေရာသွားသွား ဘာကိုလုပ်လုပ် အမှုတွဲတွေနဲ့ကို မလွတ်ပါလားဗျာ။ အခုမှဗိုက်ကလည်းဆန္ဒပြလာပြီဗျို့။ ဗိုက်လည်းဆာမှန်းအခုမှသတိရတယ်။ မထူးပါဘူးလေ ပေါင်မုန့်ကို ထောပတ်သုတ်။ ရေနွေးကြမ်းနဲ့မျောချလိုက်တော့မယ်။ ဖြစ်ချင်ရာဖြစ်။ ပေါင်မုန့်လေးချပ်လောက်ကုန်မှပဲ နေသာထိုင်သာရှိသွားတော့တယ်။ ပြီးမှရေချိုးမယ်လုပ်တုန်း ကရင်…ကရင်…ကရင်..(မှတ်ချက်။ ။ဖုန်းသံမြည်ခြင်း) အာ..ဘယ်သူ့ဆီကပါလိမ့်။ သြော်..ခင်သီတာစက်
“ဟဲရို…”
“ဟင်…သေနာ…တစ်နေကုန် ငါ့ကို ပစ်ထားပြီးနင်ကဘယ် စက်ရွလပိုးမနဲ့ နေကျိုးတဲ့အထိ သဝေထိုးပြီး နန့်ကြောထနေလည်းပြောစမ်း…ငါ့ကို စက်ပလာဇာသွား ဖို့လာခေါ်ပါဆိုတာဖုန်းလေးဆက်ဖေါ်တောင်မရဘူး….ငါ့ကိုဒီလောက်တောင်ဂရုစိုက်တာ… နင်နဲ့ငါပြတ်ပြီ…ငါ့ကို ဂရုစိုက်တဲ့ စက်သူဌေးကိုပဲချစ်တော့မယ်”
“ဟာ..ခင် ထင်သလိုမဟုတ်သေး…အလုပ်…အုပ်..အုပ်..” ပြောလို့မှမဆုံးသေး….တစ်ဘက်ကဖုန်းချသံ တူ…တူ…တူ ဆိုသည့်အသံလေးပဲ ကြားရသည်။ ပြန်ခေါ်တော့လည်းမကိုင်…အဲဒီလိုပဲဗျ..စက်မိန်းမတွေက ရမယ်ရှာချင်ရာရှာ….သူတို့ထင်ချင်တာထင်…ပြီးရင်ကောက်ချင်တာကောက်…ပြီးတော့ပြန်မချော့တော့လည်း အာရုံစားသေးသည်။ ရှုပ်နေတာပါပဲ…ပြတ်ဆိုတော့လည်းပြတ်ပေါ့…ဝမ်းသာလိုက်တာ အခုမှပဲ ဒုက္ခရောက်သက်သာတာပေါ့။ ဖုန်းချချပြီးချင်း..ရေနွေးနဲ့ နာရီဝက်နီးပါး ရေနွေးနဲ့ ရေးချိုးလိုက်သည်။ စက်ကိုယ်ထဲရေဝင်ပြီး ရှောခ့်မရိုက်ယုံတမယ် ကိုချိုးလိုက်သည်။ အား..အခုမှ တစ်နေကုန် ညောင်းညာနေတာသက်သာသွားတော့တယ်။ စက်နာရီလည်းကြည့်လိုက်ရော အား…ပါး…ရှား…. ည ၁ နာရီထိုးနေပြီဗျို့။ မဖြစ်သေးပါဘူးလေ။ နောက်နေ့အလုပ်နောက်ကျရင် ရှိစုမဲ့စု စက်ဆံလေး ဒဏ်တပ်ခံထိမှာ။ ဒါနဲ့ စက်နာရီကို သံပတ်ပေး၊ ဘဲဥ ပုတ်နံ့လို အနံ့ကိုတော့ ဖြစ်သလိုစုလိုက်သည်။ (မှတ်ချက်။ ။စက်နာရီအကြောင်းမသိတဲ့လူများ ကိုစက် ၁ တွင်ရှု့) ပြီး စက်စပီကာတွင် စက်ဂီတာ ကလပ်စီကယ် တီးလုံးလေးဖွင့်ပြီး ကိုစက်ယူလေတော့သည်။ ခေါင်းအုံးနဲ့ခေါင်းနဲ့တောင်မထိရသေး ကိုစက်မှာ စက်ရုပ်ဘဝ၊ စက်မြို့တော်သားဘဝ၊ ခင်သီတာစက် စတဲ့ စက်ပါတာတွေအကုန်မေ့ပြီး “အပူအပင်ကင်းတဲ့ ကလေးဘဝလို ပျော်စရာကောင်းသော၊ သဘာဝတရားကို ချစ်ခွင့်ရသော၊ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလိုစာနာစိတ်နဲ့ကူညီလေးစား နှစ်လိုဖွယ်ကောင်းသော၊ မရှိအတူ၊ ရှိအတူ၊ လူသားဆန်သော သာယာကြည်နူးဖွယ် ဘဝ” အကြောင်းကို အိပ်မက် မက်ပါလေတော့သတည်း။
ကိုစက်နဲ့ ၂၄နာရီစာ အလွဲများ ဤတွင် တစ်ခန်းရပ်၏။ ။
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
-
၁၉၉၀နှစ်တွေပါ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
"သံနဲ့လုပ်ထားတဲ့အိပ်မက်"ကိုရေးပြီး
ဆောင်းတွင်းညကြီးထဲမှာ
စာရွက်တွေနဲ့၊ဖောင်တိန်နဲ့
ညဉ့်နက်ခဲ့ပုံများ။
"မေ...
ကိုစက်မှပေးသော သင်ခန်းစာအရ နောင်တွင်
ReplyDeleteလူသားဆန်သော သာယာကြည်နူးဖွယ် ဘဝရစေ ရန် ခင်သီတာစက်အား ၎င်း စက်ရွှေရည်တို့ကို ၎င်း စက်ဖွာတော်တို့ကို ၎င်း မစိမ်းကားပဲ အရေးပေး နေတော့ မည်ဟုသာ ဆုံးဖြတ်လိုက်တော့ သည်- အော်.. ကျန်သေးတယ် ကျကျမ်းကိုလည်း ဖတ်ရဦးမည်- ဟီး-
ဟုတ်ပ ကိုဒီဝိုင်းရေ တနေ့ တနေ့ လှုပ်ရှားရတာ စက်ရုပ်ကြ နေတာ ပဲဗျာ...
မစ့်စတာဒီဝိုင်းရေ.. ကိုစက်ဇာတ်လမ်း ဆက်ပြီပေါ့ ။ ဘလောက်ခ့်ကိုလည်း နည်းနည်းပြန်ပြင်ထားပါလား ။ ကောင်းပါ့ ကောင်းပါ့ ။ ကိုစက်ကို ပြောလိုက်ပါ... ခင်သီတာစက်ကို သိပ်လည်း အငြိုးအတေးမထားပါနဲ့လို့ ။ စက်ရုပ်အချင်းချင်းတွေပဲး) ပျက်အစဉ် ပြင်ခဏပေါ့ ။
ReplyDeleteဟုတ်ပ…လူသားစက်ရုပ်တွေလေ.. ဒီဇယားထဲမှာပဲလည်နေတာ.. မနည်းဖောက်ထွက်နေရတယ်… စက်ရွှေရည်အားကိုးနဲ့
ReplyDeleteမဂျစ်တူး
ကိုစက်က…အငြိုးအတေးမထားပါဘူးဗျာ…ရှိကိုမရှိတာ..စာပြန်နောက်ကျတာ ဆောရီးဗျာ..
အေးဗျာ… ကိုစက်မှာလည်း လုံးလည်ချာလည်လိုက်နေတာ အင်တာနက်တောင်သိပ်မသုံးရရှာဘူး.. ကျွတ်..ကျွတ်..ကျွတ်..
Blogger စာအုပ်ထုတ်ရအောင်
ReplyDeleteလာမယ့် World Blog Day မှာ ကျွန်တော်တို့မြန်မာ ဘလော်ကာတွေ စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ချင်တယ်။ အဲဒီစာအုပ်က ကိုယ်ပိုင် Blog မှာဖော်ပြထားကြတဲ့ ကောင်နိုးရာရာ ပို့တွေကို ရွေးချယ်ပြီး ဖော်ပြချင်တယ်။ စာအုပ်ထုတ်လို့ ရလာတဲ့ အကျိုးအမြတ်အားလုံးကို လိုအပ်နေတဲ့ ကျောင်းတစ်ကျောင်းလို နေရာမျိုးမှာ လှုဒန်းဖို့စိတ်ကူးထားတယ်။
ကျွန်တော်တို့ မြန်မာဘလော့ကာတွေ စုစုစည်းစည်းနဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် ဒီစာအုပ်လေးဟာ သေချာပေါက်ဖြစ်လာမှာပါ။ စာအုပ်ထုတ်လုပ်တဲ့ စားရိတ်ကတော့ Wood Free စက္ကူ 60g နဲ့ စာမျက်နှာ သုံးရာကျော်လောက် ပါတဲ့စာအုပ်ကို အုပ်ရေနှစ်ထောင်လောက် ရိုက်ရင် ရှစ်သိန်းဝန်ကျင်လောက် ကုန်ကျတယ်လို့ အာကြမ်းဖျင်း်သိရပါတယ် ( အသေးစိတ်ကုန်ကျ စရိတ်များကို နောက်ထပ် စုံးစမ်းပြီး တင်ပြပေးပါမယ်)။ ကျွန်တော် ထင်ပါတယ် ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ လူသုံးဆယ်လောက် ပါဝင်ရင် တစ်ယေက်ကို သုံးသောင်းဝန်းကျင် လောက်ကျခံရုံနဲ့ ဒီစာအုပ်လေးက ဖြစ်မြောက်သွားမှာပါ။
သုံးသောင်းလောက် ဆိုတဲ့ငွေပမာဏဟာ အခုခောတ်မှာ ဖိနပ်ဖိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စုစည်းလိုက်တဲ့ ငွေနဲ့ ဘလော့ကာတွေရဲ့ မှတ်တိုင်တစ်ခုလဲ စိုက်ထူနိုင်မှာဖြစ်သလို အလှုငွေ လက်ခံရရှိကြမဲ့ ချို့တဲ့ကျောင်းသားတွေအတွက် လှေကားထစ်လေး တစ်ခုဖြစ်သွားမှာပါ။
ကျွန်တော့ဘက်က တာဝန်ယူဆောင်ရွက် ပေးနိုင်တာကတော့ စာအုပ်ဖြစ်မြောက်ရေးအတွက် စာမူများကို ဖောင်ကိုင်ခြင်း စာပေစိစစ်ရေးရုံးတင်ခြင်း မှအစ ပုံနှိပ်စက်ပို့ခြင်း စသည့်ကိစ္စရပ်များ၊ ဂျာနယ်နှင့် မီဒီယာများတွင် သတင်းအချက်အလက် ထည့်သွင်းထုတ်ပြန်ခြင်းကိစ္စများကို စေတနာ့ဝန်ထမ်း အနေနဲ့ဆောင်ရွက် ပေးနိုင်ပါတယ်။
အထူးပြောကြားချင်တာက ဒီကိစ္စက မြန်မာဘလော်ကာများ အားလုံးကို ကိုယ်စားပြုမှာ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက် တစ်ယောက်စနှစ် ယောက်စနဲ့လုပ်လို့ မရပါဘူး ဘလော့ရေးနေတဲ့ သူငယ်ချင်းတွေ အားလုံးပူးပေါင်းပါဝင်ဖို့ လိုပါတယ်။
အချိန်ကလည်း ခြောက်လလောက် ရသေးတဲ့အတွက် သူငယ်ချင်းတွေရဲ့ ဆန္ဒကိုလည်းဆွေးနွေး တိုင်ပင်နိုင်ကြပါတယ်။