တေးရေး - အရိုး
တေးဆို- အဲလက်စ်
V1.  ဒီနေ့တစ်ရက်အားလို့ သီချင်းရေးမလားစဉ်းစား
       နားအေးပါးအေး တံခါးလေးသော့ခတ်ထား
       စာအုပ်ဟောင်းတစ်အုပ် ရှေ့မှာအသာအယာချ
       ဂစ်တာကြိုးတပ်ပြီး အသံစမ်းတော့မှ
ဟိုဘက်ခန်းက အုတ်နံရံသံရိုက်သွင်းသံကြား
V2.  ကန်ထရိုက်တိုက်မို့ ဒီလောက်တော့အေးဆေးပါ
      ၁၅ မိနစ်လောက်အထိ စောင့်ကြည့်လိုက်တဲ့အခါ
      ငြိမ်သက်သွားလို့ အသစ်ကတစ်ခါပြန်စ
      အာရုံရတဲ့တစ်ပိုဒ် ထပ်ရေးတော့မှ
ငါ့နဖူးတည့်တည့်ကို လာမှန်တာသတင်းစာ
Cho: တော်ပါပြီ စိတ်ကုန်တယ်
        တောထဲက သစ်ပင်ပေါ်ငါသွားနေမယ်
        ကျားကြီးပဲကိုက်သေသေ ငါကျေနပ်တယ်
အားလုံး အားလုံး အေးဆေး
V3.  ငါထွက်သမျှဒေါသ တစ်ဖြေးဖြေးစိတ်လျှော့ချ
       ငါရသလောက်လေးပဲ အတင်းရေးဖို့ကြိုးစား
       ဒီလိုအလိုက်မသိတတ်တဲ့ လူတွေကြား
       အာရုံအတင်းဖမ်းပြီး ဈာန်သွင်းတုန်းမှာ
လင်မယားထချလို့ ပန်းကန်တွေကွဲသံကြား
V4.  ဒီမြို့ပြစရိုက်နဲ့ ကျုပ်နဲ့မကိုက်တော့ပါ
      ကန်ထရိုက်တိုက်ကြီးလည်း ရောင်းပစ်မလားစဉ်းစား
      သေချာဆုံးဖြတ်ကြည့်တော့ ကြည်လင်သွား
      ငါနောက်ဆုံးတစ်ပိုဒ်အဖြစ် ထပ်ရေးတုန်းမှာ
ဟိုဘက်လမ်းထိပ်ဘက်က လော်စပီကာစက်သံကြား
Cho: (တော်ပါပြီ စိတ်ကုန်တယ်
တောထဲက သစ်ပင်ပေါ်ငါသွားနေမယ်
ကျားကြီးပဲကိုက်သေသေ ငါကျေနပ်တယ်
အားလုံး အားလုံး အေးဆေး)၅
 
(အားလုံးအားလုံး အေးဆေး)
 
 
 
 
 

No comments:
Post a Comment