ဟိုးဝေးဝေးမှာ
မီးပုံဖွဲ့လို့ သူတို့ပျော်နေကြလေရဲ့
အတ္တကို ချကျွေးဖို့ပြင်ဆင်နေလိုက်တာများ
စားဖိုမှုးရှုံးတယ်။
ယဇ်တိုင်မှာလွှင့်ထားတာက အလံနီ
သေချာကြည့်တော့….
ငါ သေချာကြည့်လိုက်တော့…
အော်….
လိပ်ပြာ
နွမ်းချိန်ရောက်နေပြီ
သူတို့ပျော်လို့ကောင်းတုန်း
သံရည်ပူတွေသောက်ပြီး
ကခုန်ကြ…ပျော်မြူးကြ…
သဘက်ဆိုင်းသံတွေ ဘဝဂ်လျှံလို့ပေါ့။
လက်ခမောင်းခတ်နေတဲ့ကောင်တွေ
ဒါ……တောကြောင်တဲ့လား
ငါမြင်တာက လူသားစားတဲ့လူ
ကြည့်…….ပါးစပ်မှာ သွေးစွန်းနေတယ်…
တောမီးလည်း ဒီကောင်တွေလက်ချက်ပဲ။
မီးဖိုပေါ်ကအိုးထဲမှာ လူတွေ…လူတွေ
တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…….
တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း…….
တစ်သန်း၊ နှစ်သန်း၊ သုံးသန်း……
အား…
ဟိုမှာ….နတ်ဆရာ… တောင်ဝှေးတစ်ချောင်းနဲ့
မြေပေါ်ကိုခေါက်လိုက်
ကောင်းကင်ပေါ်ကိုညွှန်းလိုက်နဲ့
ပါးစပ်က တတွတ်တွတ်ရွတ်တဲ့ဂါထာက
အရွယ်ရောက်ပြီးသားမိန်းကလေးတွေကို
ကိန်းဂဏန်းတွေနောက်ကိုလိုက်ခိုင်း ပြီးမှ….
အမှောင်ထဲပို့ ကျားတိုက်ပြီး သတ်စေ
ဒါပေမယ့်…
သူ့အမျိုးတွေ မပါစေနဲ့တဲ့….
ဟိုး…….ပုလ္လင်ထက်က မိန့်မိန့်ကြီးနဲ့ဘုရင်
သူရဲ့….
သစ်ရွက်ဝတ်ရုံက စိမ်း
စိတ်ဓာတ်က သူစိမ်း
စားတော့လည်း အစိမ်း
အမြဲစိမ်းတောရဲ့ လူသားကောင်တွေ
ယဇ်ပူဇော်ခံတာကိုကြည့်ရင်း
သရေစိမ်းတွေကျ
အစိမ်းရောင် မိဖုရားတွေကသုတ်ပေးလို့
စိမ်းကားနေလိုက်ကြတာ
အမြဲစိမ်းတောကြီးရဲ့ ပူဇော်ခြင်းနံပါတ်(၁)တဲ့။
အစိမ်းရောင် မိဖုရားတွေက မိဖုရား မဖြစ်ချင်ပါဘူးလို့ အရင်က ကြွေးကြော်ခဲ့ကြပေမယ့်
ReplyDeleteတကယ်တမ်း ယဇ်ပူဇော်ခံတာတွေကိုတော့ မကျော်လွှားနိုင်ခဲ့ကြပဲ သူတို့ကိုယ်တိုင် ပူဇော်ခြင်းတွေထဲမှာ ပျော်မွေ့နေကြတာ.. ကိုယ်တွေ့ပါ။
့ထူးဆန်းတယ်နော် ဘာလို့လည်းမသိဘူး..ငွေကြောင့်လား ဂုဏ်ကြောင့်လား ကျော်ကြားမှုအတွက်လား ဒါမှမဟုတ် ပေဖြစ်တုန်းကခံပြီး တူဖြစ်မှ နှံချင်လို့လားမသိဘူး…
ReplyDelete