မတရားမှုတွေကိုတော်လှန်
ငါ့..တိုက်ပွဲခေါ်ဟန်မှာ
ဘွာတေးခတ်သံမပါဘူး..
သေရင်မြေကြီး
ရှင်ရင်ရွှေထီးတဲ့
မြေကြီးကနေ ငါလာခဲ့တယ်..
ထီးချက်စောင့်ရေ..
အသင့်စောင့်နေစမ်း..
ငါတို့ရဲ့ လက်ပန်းပေါက်သံမှာ
တောကြောင်တွေ ကြောက်ဒူးတုန်ကြပေါ့..
နဖူးတိုင်းမှာ စည်းနှောင်ခိုင်တာ
ရဲ့ရင့်ကြည်စင်ခြင်းပဲ
အခါခါသေရမှာမကြောက်တဲ့နောက်
နေရမှာလောက်တော့မမှု..
ကြောက်သွေးတွေဖောက်ထုတ်
ဂုတ်သွေးစုပ်တဲ့ ငုတ်လိုကောင်တွေ
ရှင်းလင်းပစ်ဖို့
လာလေ..ရောင်းရင်း..
ဘိုးစဉ်ဘောင်ဆက်
ငါတို့သွေးနဲ့ ရာဇဝင်အသစ်ကို
ရေးခြစ်ကြစို့ရဲ့…
ကွန်ကရစ်ကို တိုးထွက်ပွင့်တဲ့ နှင်းဆီ
-
ကွန်ကရစ်သား အက်ကွဲကြောင်းလေးတစ်ခုကနေ ဖူးပွင့်ခဲ့တဲ့ နှင်းဆီတစ်ပွင့်အကြောင်း
ခင်ဗျား ကြားဖူးသလား
သဘာ၀ရဲ့ဥပဒေသတွေ မှားယွင်းကြောင်း သက်သေပြရင်း သူဟာ ခြေထော...
No comments:
Post a Comment