ရှေ့ဆီကောင်းကင်၊ ပုလဲစင်ဝယ်
သစ်လွင်အရုဏ်၊ ရောင်ခြည်လှုံ၏။
ပျံ့ပျူးရွှင်ကြည်၊ သွင်းလေပြည်ဝယ်
ဖူးစည်ပွင့်စုံ၊ သရက်ထုံ၏။
ဆိတ်ငြိမ်သာမော၊ မြိုင်ညိုတော၌
ဥသြသံစုံ၊ တေးမျိုးပုံ၏။
သစ်ရိပ်ညိုမှ၊ စခန်းထသည့်
ရွှင်ပျသာကြည်၊ ခရီးသည်လည်း
ဖြိုးစည်သစ်ပွား၊ စွမ်းအင်အားနှင့်
“ယောက်ျား ငါကိုယ်”၊ မြွက်ဟဆို၍
မိုးကိုမျှော်မှန်း၊ ရှေ့ဆီလှမ်းသည်
နှုတ်ခွန်းနေသို့ဆက်မည်တည်း။ ။
မင်းသုဝဏ်
ကွန်ကရစ်ကို တိုးထွက်ပွင့်တဲ့ နှင်းဆီ
-
ကွန်ကရစ်သား အက်ကွဲကြောင်းလေးတစ်ခုကနေ ဖူးပွင့်ခဲ့တဲ့ နှင်းဆီတစ်ပွင့်အကြောင်း
ခင်ဗျား ကြားဖူးသလား
သဘာ၀ရဲ့ဥပဒေသတွေ မှားယွင်းကြောင်း သက်သေပြရင်း သူဟာ ခြေထော...
No comments:
Post a Comment