Friday, January 1, 2010

နှစ်ကူးအမျှင်များ

ဒီနှစ်ကို လည်ပြန်လှည့်ကြည့်တော့
အပ်ချည်ကြိုးပါးပါးနဲ့
ဘဲဥတစ်လုံးကို လှီးဖြတ်လိုက်သလိုမျိုး
သံယောဇဉ် နန်းကြိုးမျှင်လှပ်လှပ်က
ငါ့နှလုံးသားကို “ဟက်ကနဲ”

ခြေတစ်လှမ်းစာလောက်
ဒါပေမယ့်
ငါတို့နှစ်ယောက်က ကမ္ဘာ့မြေပုံပေါ်မှာ
တစ်ယောက်တစ်ခြမ်းစီ

ဆောင်းနှင်းစက်တွေပြိုးပြက်
ဓားမိုးတွေတလက်လက်သည်းတဲ့ နှစ်သစ်ကူးည
ဟက်ပီးနယူးယီးယား အော်သံတွေ...
ငါ့အတွက်တော့
လမင်းက အနက်
ကြယ်တွေလည်း အနက်
တိမ်တွေလည်း အနက်
ပင်လယ်လည်း အနက်
ဝုန်းကနဲ အသံနက်ကြီးနဲ့ပေါက်ကွဲ
မီးရူးမီးပန်း အနက်ရောင်တွေ
…..
…..ရယ်
လောကကြီးက
မျက်မမြင်တစ်ယောက်ရဲ့ ရှု့မျှော်ခင်းပန်းချီလို
ပိန်းပိတ်အောင်မှောင်လိုက်တာ..

အချစ်နတ်ဘုရားမ,စစ်တဲ့ ဘာသာဗေဒအောာင်စာရင်းမှာ
အဲဒီနှစ်က ငါ့နာမည်မပါခဲ့ဘူး..

1 comment:

  1. စာမေးပွဲမကျချင်ရင် ကျူရှင်တက်... :P
    layma

    ReplyDelete