Sunday, November 11, 2007

ထွက်ပေါက်ပန်းချီ

စုတ်ချက်တွေက

ဓားသွားအဖြစ်ပြောင်းသွား

အဖြူတလက်လက် ကင်းဗတ်စ်တစ်ချပ်ပေါ်မှာ

ဟောင်းလောင်းပေါက် အလင်းစက်တွေ

မွစာကြဲခဲ့ပြီ...


လမ်းမပေါ်မှာ

ရဲ့ရင့်ရင့်အနီရောင်တွေ

အေးစက်တဲ့သံတိုင်တွေနောက်

ကြောက်ခမန်းလိလိ

လဲလျောင်းခဲ့ကြရပြီ...


လက်ညှိုးတို့ရေ သင်တို့ မကွေးခင်

ဟောင်းလောင်းပေါက် အစာအိမ်တွေရယ်

ကျည်ကာ အင်္ကျီမဝတ်နိုင်သူတွေရယ်

နာကျည်းချက်တွေအတွက်

ဦးနှောက်ကို အလုပ်ပေးကြစမ်းပါ..


ဖန်ဆင်းရှင်သာရှိတယ်ဆိုရင်

သေနတ်တွေကို ရုပ်သိမ်းခိုင်းမိမယ်...

ဓား အချင်းချင်း...

လှံ အချင်းချင်း...

ယောက်ျားပီသခြင်းပဲ ကောင်းတယ်...


ရောင့်ရဲတတ်တဲ့လူမျိုးတို့ရေ..

သင်တို့သွေးတွေ ရဲရဲနီကြောင်းလည်း

ပန်းချီကား တစ်နေရာရာမှာ

ငြိမ်းချမ်းခြင်း ဆိုတဲ့အဓိပ္ပယ်

နားမလည်တဲ့လူတွေအတွက်

မှုန်းချယ်ပြသရဦးမယ်...

1 comment: