Wednesday, April 30, 2008

ဆု

အိပ်မက်တစ်ခုကို “ရုတ်ကနဲ”

ခလုတ်ဆွဲလိုက်တဲ့အခါ

နေတောက်သံ သဲ့သဲ့ကြားလိုက်ရ..


အဲဒီ အိပ်မက်ထဲမှာပဲ

ခုတ်မောင်းနေတဲ့

ကမ်းခြေတစ်စင်းကို

ရူးသွပ်စွာ

ရပ်တန့်ခွင့် တောင်းခဲ့ဘူးတယ်…


တကယ်တော့

တစ် နဲ့ တစ် ပေါင်းရင်

ငါက…တစ် ပဲ ရချင်ခဲ့တဲ့ကောင်

လမင်းကတောင်

တိမ်မည်းတွေနဲ့

မျက်နှာလွှဲသွားခဲ့တယ်…


ကမ်းခြေရေ…

မင်းမှာ အနားသတ်ထားမှန်း

မသိတော့

ငါက ဒုတိယ ပင်လယ်အဖြစ်

ဒီရေကျခဲ့ရ..

သဲမှုန်အိပ်မက်ထဲက

လှုပ်နိုးခံခဲ့ရတယ်..


ကင်ပွန်းတပ်ရင်တော့

ငါဟာ..

ရှုံးနိမ့်ခဲ့ဘူးတဲ့

“ပင်လယ်တစ်စင်း” ပါ..

နှစ်သိမ့်ဆုအဖြစ်

ခဏတစ်ဖြုတ်

ဆိုက်ကပ်ခွင့်တောင် မရှိခဲ့ပါဘူးလေ…

1 comment:

  1. This comment has been removed by a blog administrator.

    ReplyDelete