Saturday, June 30, 2007

သုဘရာဇာနှင့်သေခြင်း

ဒီနာမည်ကြားတာနဲ့ လူတွေအားလုံးတွန့်သွားပါလိမ့်မယ်.... မတွန့်လည်းခံနိုင်ရိုးလား...သူကလူတွေရဲ့နောက်ဆုံး ခရီးကို အလှပဆုံး အချောမွေ့ဆုံးဖြစ်အောင် တာဝန်ယူပေးရသူတွေလေ....
ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး လူတွေကသူတို့ကို နှာခေါင်းရှုံ့ တတ်ကြတယ်....သူတို့အလုပ်ကတစ်ကယ်ကို မွန်မြတ်ပါတယ်... သေလူ အတွက် လုံလုံခြုံခြုံဖြစ်အောင် အခေါင်းလုပ်ပေးတယ်။ င်္သချိုင်းမြေမှာ နေ့ရော ညရောနေပြီး လူသေတွေကို စောင့်ရှောက်ပေးတယ်။ သတ္တိလည်းရှိတယ်လို့ပြောရမယ်...တော်ရုံတန်ရုံလူ ဆိုသွေးပျက်သွားနိုင်တယ်....

လူတွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်တယ်ပြောပြော သေတဲ့အခါကြ ဘယ်သူမှ (၇) ရက်ထက်ပိုမထားဘူး။ ကျွန်တော့်ဆရာ တစ်ခါပြောဘူးတယ်...

သားအမိနှစ်ယောက်ရှိတယ်တဲ့။ သားက မြို့မှာ အလုပ်လုပ်နေတယ်။ အမေက ရွာမှာနေတယ်။ ဒီလိုနဲ့ဗြုန်းဆို မိခင်က ကောက်ကာငင်ကာ ဆုံးသွားပါလေရော။ သားဖြစ်သူကလည်း ချက်ချင်းပြန်မလာနိုင်ဘူး။ အမေတစ်ခုသားတစ်ခု ဆိုတော့ရပ်ရွာကလည်း သားဖြစ်သူပြန်ရောက်တဲ့ အထိအလောင်းပြင်ထားပြီး စောင့်နေတာပေါ။ သူ့အလုပ်က ခွင့်ရရချင်း သူလည်း ပြန်လာပါတယ်။ ဒါပေမယ့် (၇)ရက်မြောက်နေ့ကို ရောက်နေပြီ။ ရွာလူကြီးတွေကလည်း အလောင်းကဆက်ထားလို့ မရသင့်တော့လို့ မြေမြုပ်မလို့လုပ်နေတုန်း သားဖြစ်သူကရောက်လာတာပါ။ သူကလည်း ခရီးရောက်မဆိုက် သူ့ကိုမစောင့်ရကောင်းလားဆိုပြီး ဒေါသဖြစ်၊ အမေသေလို့စိတ်ကညစ် နဲ့သောကရောက်နေတာပေါ့။ ပြီးတော့သူကတောင်းဆိုတယ် သူ့အမေအလောင်းကို နောက်ဆုံးအကြိမ်ဖက်ပြီးငိုပါရစေတဲ့။ မြေမမြုပ်ပါနဲ့ဦးဆိုပြီးတောင်းဆိုတယ်။ ရွာလူကြီးတွေလည်း သူ့ကို နားချပါသေးတယ်။ ဘယ်လိုမှမသင့်တော်တော့ဘူးပေါ့။ အညာနေအပူရှိန်ကြောင့် ရိုက်ထားတဲ့ ပျဉ်ပြားတွေတောင်ဖောင်းကားနေပြီ။ ရုပ်လည်းပျက်နေပြီလို့ နားချရှာတယ်။ ဒါပေမယ့် မရဘူး။ သူက ဇွတ်တောင်းဆိုတယ်။ ဒါနဲ့ရွာလူကြီးတွေလည်း မနေသာ အခေါင်းအဖုံးကိုခဲရာခဲဆစ်ဖွင့်ပေးလိုက်တယ်။ အဖုံးဟတာနဲ့တင် အနံ့ကထောင်းကနဲပြီးတော့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ခဗျာ ငိုဖို့နေနေသာသာ သတိလစ်သွားလို့မနည်း နှာနှပ်ယူပေးလိုက်ရတယ်။ သူသတိရမှ အသုဘအစီအစဉ်ကိုဆက်လုပ်ရတာပေါ့။ သူ့ကိုရွာလူကြီးတွေက ထပ်ကြည့်ချင်သေးလားလို့မေးတော့ သူလဲမကြည့်ရဲတော့ပါဘူးတဲ့။ ကျွန်တော်ပြောချင်တာက အဲဒီလို သားအမိအချစ်တောင် သေတဲ့အခါ မှာအလောင်းကိုမကြည့်ရဲကြပါဘူး။ ဒါတွေကိုဘယ်သူက တာဝန်ယူပေးရလဲ။ သုဘရာဇာတွေပါပဲ......

ကျွန်တော်ငယ်ငယ်တည်းက အသုဘပို့သွားတိုင်း လူသေကို သေသေချာချာ ကြည့်တတ်တယ်... လူသေဆိုတာဘာလည်းဆိုတာသိချင်လို့။ ဒါပေမယ့်ကျွန်တော်တွေ့လိုက်တဲ့ အလောင်းတိုင်းက သပ်သပ်ရပ်ရပ်လှလှပပလေးတွေ ရုတ်တရက်ကြည့်လိုက်ရင် အလှဆုံးပြင်ပြီးအိပ်နေသလိုပါပဲ...ကျွန်တော့်စိတ်ထဲမှာ တထင့်ထင့်နဲ့ နိုးများနိုးလာမလား ဆိုပြီးစောင့်ကြည့်မိသေးတယ်... နောက်ပြီးဘယ်သူတွေကများ အဲဒီလိုပြင်ပေးထားလဲအမြဲတမ်းတွေးမိတယ်။
ဒါကသေချာပြင်တဲ့အလောင်းမို့ပါ...တစ်ချို့ ရုပ်ပျက်ဆင်းပျက်အလောင်းတွေဆိုဘယ်လိုလုပ်မလဲ။ ကောင်းကောင်းဆိုးဆိုး သုဘရာဇာတွေကပဲ ကောင်းကောင်းမွန်မွန်ဖြစ်အောင် စီမံဆောင်ရွက်ပေးရတာပါ...စိတ်ထားတတ်ရင် ကုသိုလ်တောင် အပုံကြီးရပါသေးတယ်....သေချာတယ် ပိုက်ဆံပုံပေးပြီးလုပ်ခိုင်း ဘယ်သူမှအဲဒီအလုပ်လုပ်ရဲမှာ မဟုတ်ဘူး။

လူတွေမှာလည်း သေပြီးသားလူဆီက အုတ်ဂူဖောက်ပြီး ပစ္စည်းယူတဲ့လူတောင်ရှိသေးတာပဲ.... သုဘရာဇာမှာလည်း မကောင်းတဲ့လူပါတတ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မကောင်းတဲ့ သူဠေးတစ်ယောက်ကြောင့် သူဠေးတိုင်းကို မကောင်းဘူးလို့ပြောလို့မရသလို ငါးခုံးမသုဘရဇာ တစ်ယောက်ကြောင့် သုဘရာဇာ တစ်မျိုးလုံးကို မကောင်းဘူးလို့ပြောလို့မရပါဘူး။ တစ်ချို့သုဘရာဇာဆို ပိုင်ရှင်မရှိတဲ့ အလောင်းတို့၊ မတရားအသတ်ခံ ရတဲ့အလောင်းတို့အတွက် ရန်ပုံငွေတောင်ရှာပေးပါသေးတယ်။

ဒါပေမယ့် ကျွန်တော်တွေ့ဘူးတဲ့ လူတွေကတော့ သုဘရာဇာလို့ပြောတာနဲ့ ဘာကိုကြောက်မှန်းမသိပါဘူး။ ဧကန္က သေရမှာကြောက်တတ်တာ ဖြစ်မှာပါ။ သုဘရာဇာနဲ့သေခြင်း ကိုတွဲပြီးမြင်တတ်ကြလို့ပါပဲ။
အမှန်တော့သေခြင်းကတစ်ခြား သုဘရာဇာကတစ်ခြားပါ။ အဲဒီလူတွေသာ မရှိကြည့် မြေမြုပ်သူမရှိ မီးသဂြိုဟ်ဖို့လူမရှိနဲ့ င်္သချိုင်းတွေမှာလူသေအလောင်းတွေပုံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မှာမဟုတ်ပါဘူး။ အဲဒီလိုလူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ အကျိုးပြုနေသူတွေကိုတော့ လေးစားသင့်ပါကြောင်း.....

အလွတ်ရသောပုံပြင်တစ်ပုဒ်

ဒီပုံပြင်က ဆရာအောင်သင်းရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာပါ....
အရမ်းကြိုက်လို့ ကျွန်တော်အလွတ်ရပြီး သူငယ်ချင်းတွေကိုလည်း ဖောက်သည်ချဘူးပါတယ်... ဒီမှာလည်းပြန်ပြောပါရစေဗျာ....

ဟိုးရှေးရှေးတုန်းက ကန်စပ်တစ်ခုမှာ နွားကျောင်းသားလေးတစ်ယောက်က အေးအေးလူလူ ငါးထိုင်မျှားနေသတဲ့...
ဒီလိုပဲနွာကျောင်းသာလေးကလည်း ကောင်းကင်ကြီးကို ရုတ်တရက်မော့ကြည့်လိုက်သတဲ့... အဲဒီမှာ သူကလေယာဉ်ပျံတစ်စင်းကိုတွေ့သွားတယ်.... ပြီးတော့သူစဉ်းစားတယ်...ငါနွားကျောင်းမယ့်အစား ကြီးလာရင်လေယာဉ်မောင်းတဲ့ ပိုင်းလော့ခ် ကြီးဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ လို့စဉ်းစားလေတယ်...
နောက်ပြီး နွားကျောင်းသားလေး ရဲ့ဇွဲနဲ့ ကြိုးစားအားထုတ်မှုကြောင့် အသက်ကြီးလာတော့ ခရီးသည်တင်လေယာဉ်မောင်းတဲ့ ပိုင်းလောခ်ကြီးတစ်ယောက်ဖြစ်သွားလေတယ်... တစ်နေ့သူ့တာဝန်အတိုင်း လေယာဉ်မောင်းနေတုန်း လယ်ကန်စပ်တစ်ခုက ဖြတ်သွားသတဲ့... အဲဒီမှာ အေးအေးလူလူ ငါးထိုင်မျှားနေတဲ့ နွားကျောင်းသားလေးတစ်ယောက်ကို တွေ့သွားလေတယ်... သူ့ငယ်ဘဝကိုသတိရပြီး အင်း...ငါလည်းအဲဒီကောင်လေးလို လယ်ကန်သင်းရိုးတစ်လျှောက် အေးအေးလူလူ ငါးထိုင်မျှားရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသတဲ့.....

ဒီပုံပြင်လိုပါပဲ....ကျွန်တော်တို့လူသားတွေက ချင်ခြင်းတွေများစွာနဲ့ ကိုယ်ရှိတဲ့ဘဝအစား တစ်ခြားဘဝအတွေ့အကြုံ တစ်ခုကို ကူးပြောင်းဖို့ကြိုးစားရင်း လိုက်ရင်းပြေးရင်း လိုက်ရင်းပြေးရင်း နောက်ဆုံး ငယ်ဘဝကို ပြန်ပြီး တောင့်တပြီး သံသရာလည်တတ်ကြစမြဲပါပဲ....

မင်းခိုက်စိုးစန်- ကြက်တူရွေးပါးစပ်

မင်းခိုက်စိုးစန်ရဲ့ ဝတ္ထုတိစုစည်းမှုပါ... ဖတ်လို့ကောင်းပြီး အမြဲတမ်းပြန်ဖတ်သင့်တဲ့စာအုပ်ပါ...
၁) သတ္တာထဲကလက်ဆောင်
၂) ဇက်ကြိုး
၃) လြူကီးလူကောင်းညစာ
၎) ငှက်ဆိုး
၅) ဧည့်သည်
၆) ကျွန်တော်နှင့်အစောင့်
၇) ပျော်ပွဲစား
၈) ကြက်တူရွေးပါးစပ်
၉) ဂျစ်ပဆီ
၁၀) ကမ္ဘာ

ကျွန်တော်အကြိုက်ဆုံးကတော့ နောက်ဆုံးဝတ္ထုတို ကမ္ဘာ...ဖတ်ပြီးတော့ကိုစွဲကျန်ရစ်စေပါတယ်...
စာအုပ်ဆိုင်မှာတွေ့ရင် လက်မနှေးနဲ့ဦးဗျို့.......

Sunday, June 24, 2007

ကုဋေရှစ်ဆယ်သူဠေးသားနဲ့ ကျွန်တော်

ဒေါင်းယောင်ဆောင်တဲ့ ကျီးကိုဝိုင်းပြီးလက်ညှိုးထိုးသလိုပဲ

လူတွေက ကိုယ်နဲ့မတူတဲ့လူကို ဝိုင်းပြီးလက်ညှိုးထိုးတတ်ကြတယ်….

သင်ကောဘယ်နှစ်ခါထိုးပြီးပြီလဲ?

ဒီလိုပါဘဲ ကျွန်တော်လည်း ကုဋေရှစ်ဆယ်သူဠေးသားကို သူများလိုပဲ လက်ညိုးထိုးဘူးပါတယ်။ သေချာပြန်တွေးကြည့်မှ ကုဋေရှစ်ဆယ်သူဠေးသားမှာ အပြစ်မရှိတာကိုတွေ့လိုက်ရပါတယ်။

သူ့မှာဘာအမှားရှိလို့လဲ။ ငယ်ငယ်တုန်းက မိဘကလိုလေသေးမရှိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားခဲ့။

အတန်းပညာတောင်မှ သားငယ်ပင်ပန်းမှာစိုးလို့ ပညာအမွေမပေးခဲ့။ ဒီလိုနဲ့သူဠေးသားက ယောင်နနနဲ့ လောကကြီးမှာ ကြီးပြင်းလာခဲ့။ ပညာမတတ်တော့မှ သိုထားမတတ်အရပ်အရပ်၌ ဆိုသလို ရှိသမျှအမွေတွေကို အပေါင်းအသင်းဘော်ဒါတွေနဲ့ သုန်းဖြုန်းပေတေခဲ့။ ဒီအပြင် များစွာကျွန်ပေါင်းမကောင်းခိုးယူ ဆိုသလို ရှိသမျှအမွေကို ဘတ်ကီးရိုက်တဲ့သူကလည်း ရှိသေးတယ်။ အိမ်ကိုရောင်း၊ ရှိသမျှထုခွဲရောင်းချ ဒီလိုနဲ့နေလာလိုက်တာ ကုဋေရှစ်ဆယ် အကုန် ပုစွန်တောင်မီးလောင် တက်တက်ပြောင်ရော။ ဒါတောင်သူက ခိုးဆိုးလုယက် ဓားပြတိုက်မစားဘူး။ ခွက်ဆွဲပြီးတောင်းစားတယ်။ ဘယ်မှာလဲ သူ့အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေ၊ သူကောင်းစားတုန်းက ကြတော့အိမ်ပေါ်တက် ရှိသမျှအကုန် ယူငင်ပြီး သူ့မှာတစ်ပြားမှ မရှိတော့အဖက်လုပ်ဖို့ မပြောနဲ့

ထောင်းထောင်းကြေလျှက် ခွက်လက်ဆွဲကာတောင်းစားပါလည်း

သင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ

ရွာမှထွက်လေ တောမှာသေသည်

ကောင်သေလင်းတကြ၏တည်း။

သူ့ကို ရိုက်ပုတ်ပြီး ရွာကနှင်ထုတ် သူ့ခမျာ တောမှာအသေဆိုးနဲ့သေရရှာတယ်။ ကဲ ဘယ်သူ့ကို လက်ညိုးထိုးမလဲ?

ပညာအမွေမပေးခဲ့တဲ့ သူ့မိဘကိုပဲလား?

ဒါမှမဟုတ် နုံလွန်းအလွန်းတဲ့ သူဠေးသားကိုပဲလား?

သူ့ရှိနှိုက်စား ကိုယ့်ရှိဖွက်ထားတဲ့ ပတ်ဝန်းကျင်ပဲလား?

သူဠေးသားမှာ မိတ်ဆွေကောင်းမရှိလို့ပဲလား?

ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့မလား?

ဆားတောင်ဆရာတော် စဉ်းစားစေချင်တာဘာလဲ?

ပညာမတတ်လို့ ဒုက္ခရောက်တတ်ကြောင်းထောက်ပြချင်တာလား? ဒါပေမယ့် ပညာမတတ်တဲ့ မီလျံနာတွေ ဒုနဲ့ဒေး။

ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး မိတ်ဆွေကောင်းအမှန်တကယ် လိုအပ်တာကိုပြောချင်တာလား? ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးတဲ့။

သေချာစဉ်းစားကြည့်ရင် မေးခွန်းတွေအများကြီးရပါတယ်။ စောဒကတက်စရာ တွေလည်းအမျာကြီး ရှိပါတယ်။

ဒါပေမယ့် သေချာတာကတော့ ငယ်ငယ်တုန်းက ကျွန်တော်လည်းသူများလက်ညိုးထိုးတိုင်း အလွတ်ကျက်ပြီး လိုက်ထိုးခဲ့ဘူးပါတယ်။

Tuesday, June 19, 2007

ဆင်မယဉ်သာ

Intro: (E, B, C#, A)2

Chords: E, B, C#, A (Vamp)


V1. မင်းလမ်းလျှောက်တာ နောက်ကနေကြည့်တယ်

ဆင်မယဉ်သာလေးပဲ

ခြေတစ်လှမ်းလှမ်းတိုင်းမှာ ပန်းတစ်ပွင့်ကြွေကြတယ်

ငါလိုက်ကောက်နေမိတယ်


V2. နောက်လှည့်မကြည့်နဲ့ နောက်လှည့်မကြည့်နဲ့

မင်းနောက်မှာ သရဲကြီးတစ်ကောင်ရှိတယ်

နောက်လှည့်မကြည့်နဲ့ နောက်လှည့်မကြည့်နဲ့

မင်းနောက်မှာ အရူးကြီးငါရှိတယ်


CHO: ဆင်မယဉ်သာလေးရယ် ငါစွဲလမ်းနေမိတယ်

ဒီဘဝမှာနင်ပဲကွယ်

ဆင်မယဉ်သာလေးရယ် မင်းမှမင်းကိုပဲ

နင်မရရင် ငါသေလိမ့်မယ်


V3. မင်းအနားမှာ သရဲမတွေရှိတယ်

လဒ(၇)ရက်ဖျားတယ်

နင်နဲ့ငါ့ကို မတူမတန်ဘူးတဲ့

ငါ ‘‘xဂရုမစိုက်ပါတယ်


V4. ခါးကလေးစောင်းကာ သွားကလေးနင်ဖြီးတယ်

ငါသိပ်ချစ်နေမိတယ်

ခါးကလေးကုန်းကာ့ သွားနှစ်ချောင်းကျိုးလည်း

ငါဆက်ချစ်နေဦးမယ်


V2, CHO: , Fade out

Sunday, June 17, 2007

တစ်မျက်နှာ အနီရောင်ရင်ဖွင့်သံ

ကောင်မလေးရေ

မင်းကို အလွန်ဝေးတဲ့ BoonLay မှာ စွန်လေးတွေလွှတ်တုန်းက ကို စတွေ့ခဲ့တာပါ။

Chinese Garden မှာ Rhyme မိတအားဆန်းတဲ့ ကာရံတွေနဲ့ စကားလိုက်ပြောမိတော့

Lakeside မှာပိတ်ရိုက်လို့ လိပ်ကိုက်သလို ဖြစ်သွားမယ်လို့ မင်းညင်သာစွာ ရန်ထောင်တယ်လေ..

အဲဒီလိုနဲ့ ကိုယ်တို့နှစ်ယောက်ကို Jurong East မှာလူတွေချောင်းကြည့် တော့မင်းသိပ်ရှက်နေတာပေါ့

Bukit Batok မှာလူလစ်မှ နှုတ်လိုက်တဲ့ မင်းရဲ့ ဆံပင်ဖြူတောင်ကိုယ် သိမ်းထားသေးတယ်။

Goambak မှာပုံအပ်ခဲ့တဲ့ကိုယ့်နှလုံးသား တစ်ခုပါ။

မင်းက Choa Chu Kang မှာ ကြာမူဟန်နဲ့ တစ်ခါမူပြန်သေးတယ်။

Yew Tee မှာအပူမီးတွေတောက်လောင်တဲ့ ကိုယ့်နှလုံးသား အယူသီးတဲ့ လူကြီးသူမတွေရဲ့ဆုံးမစကား လည်းနားမဝင်တော့ဘူးပေါ့။ လှတာမက်ရင် ညစာခက်မယ်တဲ့။

Kranji မှာတဖန်မကြည်သလိုနဲ့ မင်း အလံနီတွေချည်းကိုယ့်ကို ပြနေတာပဲ။

Mrasiling မှာဒါပြီးရင် မနှောင့်ယှက်တော့ပါဘူးလို့မင်းကိုယ့်ဆီက ကတိတောင်းတယ်လေ..

ကိုယ်ကလည်းမထူးဇာတ်ခင်းပြီး Woodlands မှာ အခုနမ်းလိုက်ရမလားလို့မေးမှ မင်းကြောက်သွားတာပေါ့။

Admarilty မှာအမှန်ပစ်ပယ်ပြီး မသွားပါနဲ့။

ကိုယ့်နှလုံးသား Sembawang မှာ တဖန်အနာမခံနိုင်တော့လို့ပါ။

ကိုယ်ကံကောင်းပါတယ် Yishun မှာအပီမွန်းခဲ့တာ မင်းအချစ်တွေနဲ့ပေါ့။

Khatib မှာတော့ အထာအသစ်တွေနဲ့ ကိုယ့်ကို ညာမချစ်ပါနဲ့ကွာ။

Yio Chu Kang မှာ အို…သူပိုပြန်ပြီလို့တော့ မပြောလိုက်ပါနဲ့။

Ang Mo Kio မှာမင်းပြန်ငိုမှာကို ကိုယ်စိုးရိမ်လို့ပါ။

ဒီလိုနဲကိုယ်တို့ Bishan မှာအပီသရမ်းခဲ့ကြသေးတယ်လေ။

Braddell ကအပြတ်နွှဲခဲ့တဲ့ ရက်စွဲတွေကတော့ Censor ပေါ့။

Toa Payoh မှာအစ်ကိုတစ်အားဆိုးတာပဲလို့တော့ မပြောလိုက်ပါနဲ့။

Novenea မှာတို့ သမီးရည်းစား သက်တမ်း ၁ လပြည့်ခဲ့ပြီလေ။

မင်းကိုစတဲ့ Newton ကတစ်ယူသန်တဲ့ လူခံတွေနဲ့တောင်တို့ ရန်ဖြစ်ခဲ့လို့ အယူခံတောင်ဝင်လိုက်ရသေးတယ်လေ..

ကိုယ်တို့အချစ်တွေကတော့ Orchard မှာတောင်အတောမသတ်နိုင်ကြပါဘူး..ပြေစမှတ်ကိုဖြစ်လို့…

ဒါနဲ့ မင်းက Somerset မှာ အရမ်းလှထွက်နေလို့ ကို စိတ်ပူရသေးတယ်

Dhoby Ghaut မှာတို့တွေ ဟိုဒီလျှောက်လျှမ်းလို့ ရဲစခန်းရောက်ခဲ့သေးတယ်လေ…

City Hall ကြတော့မင်းကကိုယ့်ကို ပြီးပြီးရော ဆက်ဆံတယ်ဆိုပါလား?

ကိုယ်တစ်ကယ် Raffles Place မှာအခက်အခဲတွေ့ ခဲ့တာပေါ့…

ဒီလိုအပျက်ပျက်နဲ့ ကိုယ်တို့ Marina Bay မှာ အစဉ်သာဝေးလို့ ရင်မှာဆွေးရပြီပေါ့ ကလေးရယ်…

အစိမ်းနှင့် ခရမ်းဆက်ပါဦးမည်။

Friday, June 15, 2007

ငပျင်း (The Ants)

ငပျင်း

မနက်ခင်းဆိုလည်း လာမနှိုးနဲ့ အိပ်ရာထဖို့ပျင်း

ပျင်းလွန်းလို့ မင်းနဲ့ အပျင်းပြေရည်းစားထားဖို့ပျင်း

မွေးစကလေးတည်းက မျိုးနဲ့ရိုးနဲ့ပျင်း

စားဖို့ပျင်း အိပ်ဖို့ပျင်း

ငါ့မှာချစ်ရမှာလည်းပျင်း ငပျင်း


ခေါက်ထားလိုက် ဆုံးမစကားတွေ နားထောင်ဖို့အတွက်ပျင်း

ခေါင်းကိုက်တဲ့ဒသနနဲ့ ဘဝကို ဖြုန်းတီးပြစ်ဖို့ပျင်း

အလုပ်နဲ့နပန်းလုံး ကြတဲ့လောကကြီးကို ပျင်း

နေဖို့ပျင်း သေဖို့ပျင်း

ငါ့မှာပျင်းရမှာကိုပျင်း


သိရဲ့သားနဲ့ပြောရခက်တဲ့ ကျွန်တော့်ဘဝကြီး

ဘာမှမလုပ်ဘဲ ပျင်းရဖို့တော့ စံချိန်မီ

ကြာပါပြီ (ငပျင်း)