ဒီနာမည်ကြားတာနဲ့ လူတွေအားလုံးတွန့်သွားပါလိမ့်မယ်.... မတွန့်လည်းခံနိုင်ရိုးလား...သူကလူတွေရဲ့နောက်ဆုံး ခရီးကို အလှပဆုံး အချောမွေ့ဆုံးဖြစ်အောင် တာဝန်ယူပေးရသူတွေလေ....
ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး လူတွေကသူတို့ကို နှာခေါင်းရှုံ့ တတ်ကြတယ်....သူတို့အလုပ်ကတစ်ကယ်ကို မွန်မြတ်ပါတယ်... သေလူ အတွက် လုံလုံခြုံခြုံဖြစ်အောင် အခေါင်းလုပ်ပေးတယ်။ င်္သချိုင်းမြေမှာ နေ့ရော ညရောနေပြီး လူသေတွေကို စောင့်ရှောက်ပေးတယ်။ သတ္တိလည်းရှိတယ်လို့ပြောရမယ်...တော်ရုံတန်ရုံလူ ဆိုသွေးပျက်သွားနိုင်တယ်....
လူတွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်တယ်ပြောပြော သေတဲ့အခါကြ ဘယ်သူမှ (၇) ရက်ထက်ပိုမထားဘူး။ ကျွန်တော့်ဆရာ တစ်ခါပြောဘူးတယ်...
သားအမိနှစ်ယောက်ရှိတယ်တဲ့။ သားက မြို့မှာ အလုပ်လုပ်နေတယ်။ အမေက ရွာမှာနေတယ်။ ဒီလိုနဲ့ဗြုန်းဆို မိခင်က ကောက်ကာငင်ကာ ဆုံးသွားပါလေရော။ သားဖြစ်သူကလည်း ချက်ချင်းပြန်မလာနိုင်ဘူး။ အမေတစ်ခုသားတစ်ခု ဆိုတော့ရပ်ရွာကလည်း သားဖြစ်သူပြန်ရောက်တဲ့ အထိအလောင်းပြင်ထားပြီး စောင့်နေတာပေါ။ သူ့အလုပ်က ခွင့်ရရချင်း သူလည်း ပြန်လာပါတယ်။ ဒါပေမယ့် (၇)ရက်မြောက်နေ့ကို ရောက်နေပြီ။ ရွာလူကြီးတွေကလည်း အလောင်းကဆက်ထားလို့ မရသင့်တော့လို့ မြေမြုပ်မလို့လုပ်နေတုန်း သားဖြစ်သူကရောက်လာတာပါ။ သူကလည်း ခရီးရောက်မဆိုက် သူ့ကိုမစောင့်ရကောင်းလားဆိုပြီး ဒေါသဖြစ်၊ အမေသေလို့စိတ်ကညစ် နဲ့သောကရောက်နေတာပေါ့။ ပြီးတော့သူကတောင်းဆိုတယ် သူ့အမေအလောင်းကို နောက်ဆုံးအကြိမ်ဖက်ပြီးငိုပါရစေတဲ့။ မြေမမြုပ်ပါနဲ့ဦးဆိုပြီးတောင်းဆိုတယ်။ ရွာလူကြီးတွေလည်း သူ့ကို နားချပါသေးတယ်။ ဘယ်လိုမှမသင့်တော်တော့ဘူးပေါ့။ အညာနေအပူရှိန်ကြောင့် ရိုက်ထားတဲ့ ပျဉ်ပြားတွေတောင်ဖောင်းကားနေပြီ။ ရုပ်လည်းပျက်နေပြီလို့ နားချရှာတယ်။ ဒါပေမယ့် မရဘူး။ သူက ဇွတ်တောင်းဆိုတယ်။ ဒါနဲ့ရွာလူကြီးတွေလည်း မနေသာ အခေါင်းအဖုံးကိုခဲရာခဲဆစ်ဖွင့်ပေးလိုက်တယ်။ အဖုံးဟတာနဲ့တင် အနံ့ကထောင်းကနဲပြီးတော့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ခဗျာ ငိုဖို့နေနေသာသာ သတိလစ်သွားလို့မနည်း နှာနှပ်ယူပေးလိုက်ရတယ်။ သူသတိရမှ အသုဘအစီအစဉ်ကိုဆက်လုပ်ရတာပေါ့။ သူ့ကိုရွာလူကြီးတွေက ထပ်ကြည့်ချင်သေးလားလို့မေးတော့ သူလဲမကြည့်ရဲတော့ပါဘူးတဲ့။ ကျွန်တော်ပြောချင်တာက အဲဒီလို သားအမိအချစ်တောင် သေတဲ့အခါ မှာအလောင်းကိုမကြည့်ရဲကြပါဘူး။ ဒါတွေကိုဘယ်သူက တာဝန်ယူပေးရလဲ။ သုဘရာဇာတွေပါပဲ......
ကျွန်တော်ငယ်ငယ်တည်းက အသုဘပို့သွားတိုင်း လူသေကို သေသေချာချာ ကြည့်တတ်တယ်... လူသေဆိုတာဘာလည်းဆိုတာသိချင်လို့။ ဒါပေမယ့်ကျွန်တော်တွေ့လိုက်တဲ့ အလောင်းတိုင်းက သပ်သပ်ရပ်ရပ်လှလှပပလေးတွေ ရုတ်တရက်ကြည့်လိုက်ရင် အလှဆုံးပြင်ပြီးအိပ်နေသလိုပါပဲ...ကျွန်တော့်စိတ်ထဲမှာ တထင့်ထင့်နဲ့ နိုးများနိုးလာမလား ဆိုပြီးစောင့်ကြည့်မိသေးတယ်... နောက်ပြီးဘယ်သူတွေကများ အဲဒီလိုပြင်ပေးထားလဲအမြဲတမ်းတွေးမိတယ်။
ဒါကသေချာပြင်တဲ့အလောင်းမို့ပါ...တစ်ချို့ ရုပ်ပျက်ဆင်းပျက်အလောင်းတွေဆိုဘယ်လိုလုပ်မလဲ။ ကောင်းကောင်းဆိုးဆိုး သုဘရာဇာတွေကပဲ ကောင်းကောင်းမွန်မွန်ဖြစ်အောင် စီမံဆောင်ရွက်ပေးရတာပါ...စိတ်ထားတတ်ရင် ကုသိုလ်တောင် အပုံကြီးရပါသေးတယ်....သေချာတယ် ပိုက်ဆံပုံပေးပြီးလုပ်ခိုင်း ဘယ်သူမှအဲဒီအလုပ်လုပ်ရဲမှာ မဟုတ်ဘူး။
လူတွေမှာလည်း သေပြီးသားလူဆီက အုတ်ဂူဖောက်ပြီး ပစ္စည်းယူတဲ့လူတောင်ရှိသေးတာပဲ.... သုဘရာဇာမှာလည်း မကောင်းတဲ့လူပါတတ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မကောင်းတဲ့ သူဠေးတစ်ယောက်ကြောင့် သူဠေးတိုင်းကို မကောင်းဘူးလို့ပြောလို့မရသလို ငါးခုံးမသုဘရဇာ တစ်ယောက်ကြောင့် သုဘရာဇာ တစ်မျိုးလုံးကို မကောင်းဘူးလို့ပြောလို့မရပါဘူး။ တစ်ချို့သုဘရာဇာဆို ပိုင်ရှင်မရှိတဲ့ အလောင်းတို့၊ မတရားအသတ်ခံ ရတဲ့အလောင်းတို့အတွက် ရန်ပုံငွေတောင်ရှာပေးပါသေးတယ်။
ဒါပေမယ့် ကျွန်တော်တွေ့ဘူးတဲ့ လူတွေကတော့ သုဘရာဇာလို့ပြောတာနဲ့ ဘာကိုကြောက်မှန်းမသိပါဘူး။ ဧကန္က သေရမှာကြောက်တတ်တာ ဖြစ်မှာပါ။ သုဘရာဇာနဲ့သေခြင်း ကိုတွဲပြီးမြင်တတ်ကြလို့ပါပဲ။
အမှန်တော့သေခြင်းကတစ်ခြား သုဘရာဇာကတစ်ခြားပါ။ အဲဒီလူတွေသာ မရှိကြည့် မြေမြုပ်သူမရှိ မီးသဂြိုဟ်ဖို့လူမရှိနဲ့ င်္သချိုင်းတွေမှာလူသေအလောင်းတွေပုံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မှာမဟုတ်ပါဘူး။ အဲဒီလိုလူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ အကျိုးပြုနေသူတွေကိုတော့ လေးစားသင့်ပါကြောင်း.....
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
-
၁၉၉၀နှစ်တွေပါ
ကျွန်တော်နာမည်ကြီးမလိုလိုဖြစ်တုန်းက
"သံနဲ့လုပ်ထားတဲ့အိပ်မက်"ကိုရေးပြီး
ဆောင်းတွင်းညကြီးထဲမှာ
စာရွက်တွေနဲ့၊ဖောင်တိန်နဲ့
ညဉ့်နက်ခဲ့ပုံများ။
"မေ...
အရမ်းကောင်းတဲ့ ပိုစ့်လေးပါ။
ReplyDeleteနောက်ဆုံး အဆုံးသတ်စာကြောင်းလေးက သိပ်လှပါတယ်။
ဒီနိုင်ငံက သချိုင်းတွေကတော့ သေချင်စရာတောင်ကောင်းတယ်
ပန်းခြံကြီးတွေလိုပဲ။ ညနေဆိုရင်လဲ လမ်းလျှောက်သူတွေနဲ့။
ကျွန်မ ကိုဒီဝိုင်းရဲ့ဒီပိုစ်ဖတ်ပြီး စာတစ်ပုဒ်ရေးဖြစ်လိမ့်မယ်ထင်တယ်။
ဒီအယူအဆလေးကိုတော့ ကျနော်လည်း သဘောကျတယ်ဗျ။
ReplyDelete(မအိမ့်-နောက်ကလိုက်ပြောတာ)
ရန်ကုန်ကရေဝေးသချိုင်းကတော့ သေချင်စရာ မကောင်းဘူး။
ခြောက်ကပ်ကပ်နဲ့ ပတ်ဝန်းကျင်အရောင်တွေကလည်း ပုတ်-သိုး-ညစ်-ဆို့-နေ-တာ။
ညနေဆို သရဲတောင် လမ်းထွက်လျှောက်ပါ့မလားမသိ။
This comment has been removed by the author.
ReplyDeletevery precious post... dewaing !!
ReplyDelete:)
အားပေးကြတာ xie xie ပါ ;D
ReplyDelete