Sunday, July 5, 2009

Sixth Symphony



စာရေးဆရာ အောင်ခင်မြင့်ရေးသားသည့် "တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့"စာအုပ်ထဲတွင်

Sixth Symphony (ဆဋ္ဌမဆင်ဖိုနီ) တေးသွားကတော့ ချီကော့ဗ်စကီးရဲ့ အကောင်းဆုံးလက်ရာ Masterpiece လို့ခေါ်တဲ့တေးသွားပါ။ ဘာလို့လဲဆိုတော့ ချီကော့ဗ်စကီးဟာ အဲဒီအထဲမှာ သူ့ဝိဥာဉ်တစ်ခုလုံးကိုပါထည့်သွင်း ဖွဲ့ဆိုခဲ့လို့ပဲ။ ဒါပေမယ့် ဆဋ္ဌမဆင်ဖိုနီရဲ့ ပထမဆုံးတင်ဆက်မှုဟာ ကျရှုံးမှုတစ်ရပ်ဖြစ်ခဲ့တယ်။ စိန့်ပီတာစဘတ်ဟာ ၁၉ရာစုရဲ့အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဆဋ္ဌမဆင်ဖိုနီကို ကျိုးတို့ကျဲတဲသြဘာသံတွေနဲ့ ခြောက်တိခြောက်ကပ် တုံ့ပြန်ခဲ့တယ်။ အဲဒီအချိန်က စိန့်ပီတာစဘတ်ဟာ ဆဋ္ဌမဆင်ဖိုနီကို နားမလည်ခဲ့ဘူး။ ချီကော့ဗ်စကီးဟာ စိတ်ပျက်ပြီးကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။ (သူဟာ ကာလဝမ်းရောဂါဖြစ်ပွားနေချိန်မှာ ကျိုချက်မထားတဲ့ရေကို တမင်သက်သက်သောက်ခဲ့တယ်။)

အထက်ပါအဆိုရဆိုလျှင် ဒီ ဆဋ္ဌမဆင်ဖိုနီထဲတွင် ချီကော့ဗ်စကီးရဲ့ဝိဥာဉ် ကိန်းအောင်းကောင်းကိန်းအောင်းနေနိုင်ပါသည်။ ရှာဖွေကြပါကုန်...

3 comments:

  1. စာဖတ်လာသူပါ။
    ပညာရရှိသွားပါတယ်။
    ကျေနပ်ပြီးပြန်သွားပါတယ်နော်
    ခင်တဲ့
    ဂျာမုန်းဒန်

    ReplyDelete
  2. Sixth Symphony (ဆဠမဆင်ဖိုနီ)

    ဆဠမ မဟုတ်ပါဘူး။
    ဆဋ္ဌမ ဖြစ်ပါလိမ့်မယ်။

    ReplyDelete
  3. ပြင်ဆင်ပြီးပါကြောင်းး) ကျေးဇူးဥပကာရတင်ပါသည်။း)

    ReplyDelete