တစ်အချက် - မိန်းကလေးဖြစ်ရမည်။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဗုလ
တော်လေးဝတွင် သုံးဝလောက်ဝင်လည်းဖြစ်ပါသည်။
ရှာရာပိုဗာလောက် 
                  ပပဝတီလောက်ချောရင် အပြစ်မပြောပါ။               
                  မီးမလာသည့်အချိန်ဆိုလျှင် ခုနှစ်ဆောင်တိုက်ခန်း
                  မီးမထွန်းပဲလင်းနေမည့်အတွက် ဖယောင်းတိုင်ဖိုး မီးစက်ဖိုး ဓာတ်ဆီဖိုး  
သက်သာမည်။
 
နှစ်အချက် - အိမ်ဖော်ကို လက်ထပ်ခြင်းမဟုတ်သည့်အတွက်
                မီးဖိုချောင်ထဲက မထွက်ပဲ ထမင်းဟင်းချက် အဝတ်လျှော် မီးပူတိုက် စသည့်    
                ဗာဟီရကိစ္စများဖြင့် အလုပ်ရှုပ်ခိုင်း ထားမည်မဟုတ်ပါ။ အိမ်ရှင်မ ပီသရင်             
ကျေနပ်ပါမည်။
သုံးအချက် - ဒီခေတ်ကြီးထဲတွင် ဦးနှောက်ကောင်းဖို့လိုပါမည်။ ကျွန်တော်က 
                 လက်သီးဆုပ်ပြလျှင် သူက လက်ဝါးတစ်ခါတည်းဖြန့်ပြတတ်သော 
                 အရည်အချင်းရှိရမည်။ 
                ပညာအရည်အချင်းကျွန်တော့်ထက်သာလည်း အရေးမကြီးပါ။ 
                အဓိက က ဆပ်ပြာမှုန့် အဲ..လေ..
တိုင်ပင်ဖော် တိုင်ပင်ဖက် တိုးတိုးဖော်ဖြစ်ရပါမည်။ မှတ်ချက်။ ။နားမလေးရပါ..
လေးအချက် - ကျွန်တော် အိမ်တွင် အရက်သောက်သည့်အခါ အမြည်းမလုပ်ခိုင်းပါ။   
                   သူ့အသိစိတ်ဓာတ်ကိုသာ တန်ဖိုးထားလေးစားပါမည်။ 
                   သူလည်းသောက်ချင်လျှင် ကျွန်တော့်ဘေးတွင် ဝိုင် သောက်ခွင့်ပေးမည်။ 
                   
 
ငါးအချက် -     အိမ်တွင်တစ်ယောက်တည်းသောက်ရသည်မှာပျင်း၍ အပြင်မှာထွက်၍ 
                   သူငယ်ချင်းအပေါင်းအသင်းများနှင့် ဆယ်ခွက်ဆယ်ဖလားချီးမြှင့်သည့်အခါ 
                   ဖုန်းတတီတီဆက်၍ အိမ်စောစောပြန်ရန်ခေါ်ခြင်း၊   
                   ညဉ့်နက် ပြန်လာချင်သည့်အချိန်တွင် လာသည့်အခါတွင်လည်း 
                   အိမ်တံခါးမဖွင့်ပေးပဲနှင့် ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြခြင်း 
                   ညလယ်စာမကျွေးခြင်းများကို အထူးတားမြစ်ပါသည်။ ထိုကိစ္စရပ်များကို      
                   နားဖာကလော်သည့် သံတုတ်လက်နက်ကိုင်၍ အကြမ်းဖက်ချေမှုန်းသင့်လျှင်    
                   ချေမှုန်းမည်။ ထို့ပြင် အိမ်ပြန်နောက်ကျသည့်အခါများတွင်  
                  အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ငိုက်၍သော်လည်းကောင်း 
                   ကျွန်တော့်အားစောင့်နေရန်မလိုပါ။ ထမင်းစားခန်းထဲတွင် ညလယ်စာပြင်၍ 
ထမင်းပူပူအား ယပ်ခတ်ပေးရင်းစောင့်နေရင် လက်ခံပါမည်။
 
  
ခြောက်အချက် -  ကလေးချစ်တတ်ရပါမည်။ ကျွန်တော့်မျိုးဆက်သစ်များဖြင့် အနည်းဆုံး 
                       ဖူဆယ် (Fusal – Street Soccer) ဘောလုံးအသင်း ၅ယောက်
တစ်သင်းဖွဲ့နိုင်လျှင် လုံလောက်ပါပြီ။
 
ခုနှစ်အချက် -  ကျွန်တော်ဆေးလိပ်သောက်လျှင်လည်း အနားတွင်နေ၍ 
                   နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ပြခြင်း၊ လက်ဖြင့် အငွေ့များကိုခပ်ကာ 
                   မျက်နှာကိုရှုံ့မဲ့ထားခြင်းများ မလုပ်ရပါ။ ဆေးလိပ်ငွေ့ကင်းဝေးရာသို့ 
                   အေးအေးလူလူ လမ်းလျှောက်ထွက်ခွာခွင့်ပြုသည်။ ဆရာဝန်သုံးသည့် 
                   နှာခေါင်းအုပ်သည့် မျက်နှာဖုံးများလည်း အလိုရှိသလောက် 
ဝယ်ထားခွင့်ပြုမည်။
 
ရှစ်အချက် - ကျွန်တော့်အဖေနှင့် အမေကို သူ၏ အဖေ အမေအရင်းကဲ့သို့ 
                သဘောထားရပါမည်။ ကျွန်တော်က သူ့အဖေအမေကို ယောက္ခထီး၊ 
ယောက္ခမ အနေဖြင့် ရိုသေလေးစားပါမည်။
 
ကိုးအချက် - အလုပ်မှအိမ်ပြန်ရောက်သည့်အခါ ကော်လာကို စစ်ဆေးခြင်း၊ 
                 မိန်းကလေးရေမွှေးနံ့ရမရ အယ်ဇေးရှင်းကဲ့သို့ အနံ့ခံခြင်းအား ကန့်ကွက်သည်။ 
ထိုအရာများအစား သနပ်ခါးလူးထားသော ပါးပြင်နှစ်ဘက်ဖြင့် 
အာပွားရှလူးပေးကာ နွေးထွေးစွာကြိုဆိုရမည်။ (ဟေး..ဟေး…ငါကွ)
တစ်ဆယ်အချက် -  ပိုက်ဆံရှာရသမျှကို ကျွန်တော့်မိဘအားလစဉ်ထောက်ပံ့၍ 
                  ကျန်သည့်ပိုက်ဆံအား အကုန်အပ်ချင်သည့်အခါတွင် အပ်မည်။ 
                  တစ်ခါတစ်လေတွင် ရန်ဘုံးငွေထား၍ ဒိုရှိင် သုံးစရာရှိသည့်အရာများကို  
                  ကပ်ဒိုးလေးအသုံးချမည်ဖြစ်သည်။ 
                   နောက်ဆုံးအချက်အနေနှင့် မယားဝတ်တရားငါးပါး၊ 
                  ကောင်းခြင်းအင်္ဂါမှန်သမျှနှင့် ပြည့်စုံကုံလုံစရာမလိုအပ်ပါ။ တစ်ပါးနှစ်ပါး 
ချို့ယွင်းနေလျှင်လည်း သဘောထားကြီးစွာဖြင့် ခွင့်လွှတ်မည်ဖြစ်သည်။
 
အထက်ပါအချက်များအပြင် ကျွန်တော်အခါအားလျှော်စွာ ထပ်မံဖြည့်စွက်သည့်အချက်များကို ခံတန်တန်မလုပ်ပဲ လိုက်နာနိုင်သည့်သူဖြစ်ရမည်။
 
(ကဲ..လေးမရေ တက်ဂ်လုပ်ထားတာ ဒီလောက်ဆိုရပြီလား… ဟား ဟား)
 
 
 
 

ဟား..ဟား...တကယ် လက်တွေ့ကျတဲ့ သရဲကြီးပဲ...။ ဘလော့ဂ်ပေါ်မှာ အဲလောက်ကြီးမပွင့်လင်းနဲ့လေ..ကောင်မလေးတွေ မကြိုက်ဘဲနေဦးမယ်....။
ReplyDeleteဟား..ဟား...။
ကိုဒီဝိုင်းရေ..တော်၂ကြာဦးမယ်..မှတ်နေတာ... ဒီလောက်မြန်၂ကြီး ထရေးတော့ အိပ်မက်မက်သလားလို့..ကိုယ့်လက်ကို ဆွဲဆိတ်ကြည့်ရသေးတယ်...။ လေးမ စိတ်ညစ်နေတာတောင် ပျောက်သွားပြီ....။ ကျေးဇူးပါ...။
ဟား..ဟား...တကယ် လက်တွေ့ကျတဲ့ သရဲကြီးပဲ...။ ဘလော့ဂ်ပေါ်မှာ အဲလောက်ကြီးမပွင့်လင်းနဲ့လေ..ကောင်မလေးတွေ မကြိုက်ဘဲနေဦးမယ်....။
ReplyDeleteဟား..ဟား...။
ကိုဒီဝိုင်းရေ..တော်၂ကြာဦးမယ်..မှတ်နေတာ... ဒီလောက်မြန်၂ကြီး ထရေးတော့ အိပ်မက်မက်သလားလို့..ကိုယ့်လက်ကို ဆွဲဆိတ်ကြည့်ရသေးတယ်...။ လေးမ စိတ်ညစ်နေတာတောင် ပျောက်သွားပြီ....။ ကျေးဇူးပါ...။
ကိုဒီဝိုင်းရေ ကျနော်လဲ အဲလိုရေးချင်တာဗျ။ ဟဲဟဲ အရိပ်အခြေ ကြည့်နေရတယ် :D
ReplyDeleteလက်ကိုပဲဆွဲဆိတ်တာလား? လေးမရဲ့.. ခေါင်းကို တင်းပုတ်လေးနဲ့ထုကြည့်ပါလား
ReplyDeleteရေးသာချလိုက်ပါ...မောင်သင်္ကြန်ရယ်...ကြည့်မနေနဲ့..ကြည့်မနေနဲ့...
ကိုဒီဝိုင်းရေ…အဲဒီလို ကြင်ယာဖက်မျိုး တွေ့အောင်ရှာနော်။
ReplyDeleteမတွေ့ရင်တော့ ဒီတသက် မိန်းမ မယူနဲ့တော့..ဟား..ဟား။