စိတ်ကောင်းရှိဖို့က ပထမ
စည်းကမ်းရှိဖို့က ဒုတိယ
ကျန်းမာဖို့က တတိယ
သန့်ရှင်းဖို့က စတုထ္တ
အစားအသောက်တတ်ဖို့က ပဉ္စမ
အဝတ်အစားတတ်ဖို့က ဆဠမ
အနေအထိုင်တတ်ဖို့က သတ္တမ
အသွားအလာတတ်ဖို့က အဠမ
စကားလိမ္မာဖို့က နဝမ
စာတတ်ဖို့က ဒဿမ
ဒါက ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းမှာ ခဏခဏဆိုရတဲ့ကဗျာလေးပါ။ လူ့ဘဝထဲဝင်ကာနီး လူတွေကြားထဲသွားကာနီး ကျွန်တော်တို့ကို ပညာသင်ပေးတဲ့ကဗျာတစ်ပုဒ်ပါပဲ။
“ဒီကဗျာကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် အတန်းစာတတ်ဖို့ ကျောင်းစာသင်ဖို့က နောက်ဆုံးရောက်နေတာကိုတွေ့ရပါမယ်။ စိတ်ကောင်းရှိဖို့က အဓိကအကျဆုံးလို့ဆိုထားပါတယ်။ လူတစ်ယောက်က အတန်းပညာမတတ်ပေမယ့်လည်း စိတ်ကောင်းရှိရင်ကြီးပွားနိုင်တယ်။ ရိုးရိုးသားသားကြိုးစားရင် ထိပ်ဆုံးရောက်နိုင်တယ်။ ပညာတွေမိုးလောက်ကြီးတတ်ပြီး စိတ်ကောင်းမရှိရင် အလကားပဲ။ လူတော်တော့ဖြစ်နိုင်တယ်။ လူကောင်းတော့ဖြစ်နိုင်မှာမဟုတ်ဘူး။ လူတော်လူကောင်းဖြစ်အောင် ကြိုးစားဖို့ကအရေးကြီးတယ်။ လူမတော် လူကောင်း နဲ့ လူတော် လူမကောင်း မှာ ပထမအရာက အဖိုးတန်သေးတယ်။ ဒုတိယအရာက သူ့အတ္တကြီးရင်ကြီးသလို ပတ်ဝန်းကျင်ကိုဒုက္ခပေးနိုင်တယ်”
တောသူတောင်သား ဆင်းရဲသားတွေပညာမတတ်ပါ။ ဒါပေမယ့်ဘဝဆိုတာကို သူတို့ရှုထောင့်ကကြည့်ပြီး စိတ်ထားကောင်းကောင်းနဲ့ ရိုးရိုးအေးအေးလုပ်ကိုင်စားသောက်တတ်ကြပါတယ်။ မြို့ပေါ်ကလူတွေ ရွာကိုအလည်လာရင်လည်း အိမ်ကရှိတဲ့ကြက်ကိုရိုက်သတ်ချက်ပြီး အသားဟင်းတစ်ခွက် ဖန်တီးပေးကာ ဧည့်ဝတ်ကျေတတ်ပါသေးတယ်။ မြို့ပေါ်မှာတော့ လူတွေက အမြဲတမ်းတစ်ခုခုကို စိုးရွံ့နေသလို တစ်ယောက်နဲ့တစ်ယောက် လမ်းတွေ့ရင်တောင် မခေါ်မပြောချင်သလို မျက်နှာပေးနဲ့…မြို့လယ်ခေါင် တောတွင်းဥပဒေသက တစ်မျိုး….တောမှာဆိုရင် မျက်နှာစိမ်း မျက်နှာကျက်မပြောနဲ့ ရွာထဲဝင်တာနဲ့ ခင်ဗျားကို ကလေးကအစ ခွေးအဆုံးတွေ့တဲ့လူတိုင်းကနှုတ်ဆက်လိမ့်မယ်…ဗမာပြည်ကိုပြန် သူငယ်ချင်းတွေစု ကားတစ်စီးနဲ့ တစ်ပြည်လုံးက နေရာအနှံ့ကိုလျှောက်သွားချင်တယ်ဗျာ…
စိတ်ကောင်းရှိဖို့က ပထမ
ReplyDelete၀ိနည်းလေးစားဖို့က ဒုတိယ
ကျန်းမာဖို့က တတိယ
သန့်ရှင်းဖို့က စတုတ္ထ
အ၀တ်အစားဝတ်တတ်ဖို့က ပဉ္စမ
အနေအထိုင်တတ်ဖို့က ဆဌမ
အပြောအဆိုတတ်ဖို့က သတ္တမ
အသွားအလာတတ်ဖို့က အဌမ
စည်းကမ်းလိုက်နာဖို့က န၀မ
စာတတ်ဖို့က ဒသမ လို့သိရပါတယ်ဗျာ၊ ကျုပ်ကများနေသလားတော့မသိပါဘူး သေချာပြန်ကြည့်လိုက်ပါဦးလား၊ ဆရာကြီးလုပ်တာတော့မဟုတ်ပါဘူးနော့်၊ အရေးကြီးစာသားတွေဟာ မှားရင်မကောင်းတတ်လို့ပါ...