သူ့လက်နဲ့တင် ပန်းပွင့်တွေဖန်ဆင်း
သူ့လက်နဲ့တင် ကြယ်တံခွန်တွေ လင်းချင်းစေခဲ့တယ်….
သူ့လက်တစ်ချက် ဝှေ့ယမ်းတိုင်း
သက်တံ့တစ်စင်း မီးရှုးပေးပြန်ခဲ့...
သူပျော်ရွှင်ရင် တောင်တွေကိုရေငုပ်ခိုင်းပြီး
ပင်လယ်အော်တွေကို ပျံသန်းစေတယ်…
တစ်ခါတစ်လေတော့လည်း မုတ်သုန်ကို
သူ့မျက်ရည်မိုးတွေ ရွာချစေတယ်…
သူ့တာဝန်က
ကောင်းကင်မှာ နေမင်းဆိုတဲ့ ခပ်ညံ့ညံ့ပန်းချီကားတစ်ချပ် ရေးချယ်ဖို့ရယ်...
မန္တန်တွေရွတ်ဖတ်ရင်း အဆိပ်သင့်သစ်ပင်တွေ ပြန်လည်နိုးထဖို့ရယ်...
မြောက်ဝင်ရိုးစွန်းကို ရေခဲတိုက်ပြန်သွင်းဖို့ရယ်...
တောမီးတွေကို သူ့အစာအိမ်ထဲ မြိုချဖို့ရယ်..
လူတွေရဲ့ မစ္ဆာရိယတွေကို ပြတိုက်သွင်းပေးဖို့ရယ်....
ကလေးငယ်တွေကို လွတ်လပ်ပျော်ရွှင်စေဖို့ရယ်...
မြို့ပြရဲ့ အနိဠာရုံတွေကို စိမ်းလန်းစေဖို့ရယ်...
“သူ”ဆိုတာ…
နတ်ဆရာ သို့ ကဗျာ ဖြစ်တယ်….
No comments:
Post a Comment