Sunday, August 12, 2007

မြန်မာနိုင်ငံ၏ အကြီးဆုံး ICT Park @ Pyin Oo Lwin

ပြီးခဲ့တဲ့ တနင်္ဂနွေက Voice Journal မှာဖော်ပြခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး သတင်းအချက်အလက်နှင့် နည်းပညာပြန့်ပွားရေးဋ္ဌာန (ICT Park) ခေါ် ရတနာပုံ ဆိုက်ဖာစီးတီး ကို ဒီနှစ်အကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီကပြုလုပ်သော အစည်းအဝေး၌ စာတိုက်, ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော်က ပြောကြားခဲ့ကြောင်း သိရပါသည်။

ယမန်နှစ် နှစ်လယ်လောက်မှစ၍ တောများကိုခုတ်ထွင်ရှင်းလင်းကာ တည်ဆောက်လျက်ရှိသော ရတနာပုံဆိုက်ဖာစီးတီး ပရောဂျက်မှာ အကျယ်အဝန်း ၂၈၃၅ ဟက်တာ ရှိ၍ တည်နေရာမှာ ပြင်ဦးလွင်သို့သွားသည့် အဝေးပြေးလမ်းအနီး မန္တလေးမြို့မြောက်ပိုင်း၏ အရှေ့ဘက် ၆၇ ကီလိုမီတာ အကွာတွင်ရှိမည်ဟုသိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံသားလုပ်ငန်းရှင်များနှင့် တန်းတူစီးပွားရေးအခွင့်အရေး ပေးကာ ယခုဆီလီကွန် တောင်ကြားမြို့အစီအစဉ် ပိုမိုအောင်မြင် အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

အပြည့်အစုံကို ဒီမှာဆက်ဖက်ပါ

ကျွန်တော်ပြောချင်တာက ဒီပရောဂျက်သာပြီးစီးသွားရင် မြန်မာနိုင်ငံသား အိုင်တီပညာရှင်တွေအားလုံးအတွက် အဲဒီ ဆီလီကွန် တောင်ကြားမြို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများနိုင်ပါကြောင်းနဲ့ ကိုယ်ပိုင်ကွန်ပြူတာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက်လည်း အခွင့်အလမ်းတစ်ရပ်လို့သာပြောချင်ပါတော့တယ်။ ဒီနှစ်ကုန်မှာ အမှန်အကန်ပြီးပါစေဗျား....ဒါမှကျွန်တော်တို့နိုင်ငံရဲ့ ICT ကမ္ဘာနဲ့ပြတ်မကျန်နိုင်တော့ဘူးပေါ့ဗျာ။

No comments:

Post a Comment