Wednesday, August 1, 2007

ကိုစက်ပျောက်ဆုံးခြင်း

အင်း…ကျွန်တော်မောင်စက် တောင်တက်နေသဖြင့် အာမဟုတ်ပေါင်…

စီးပွားရေးအခြေအနေမကောင်းလို့ ခေါင်းလျှော်ရည်ရောင်း အာ ပိုဆိုးနေပြီ…

အလုပ်များတာ(အဓိကကတော့ အပျင်ကြီးတာရယ်) ပြီးတော့ အလုပ်ထွက်ပြီး သင်္ကြန်ရန်ကုန်ပြန်ကာ သောင်းကျန်းနေပါသောကြောင့် မတ်လနောက်ပိုင်း ဧပြီလတစ်လလုံးနှင့် မေလတစ်လုံး ပေါင်းနှစ်လလုံး ဘလောခ်လောကမှ ပျောက်ခြင်းမလှပျောက်ဆုံးခဲ့ပါသည်။ (မှတ်ချက်။ ။ လူပျောက်မှုဖြင့် ရဲတိုင်စရာမလိုပါ)

မလေးကတော့ ဘာဖြစ်လို့လဲဆိုပြီး စိတ်ပူ၍ မေးမဆုံးပါ။

မြန်မလာ မြန်မာ ဂျစ်စ် ဆိုရင် ရွှေစိတ်တော်ညိုး၍ ပြန်ရောက်လာပြီး (အသံဝင်နေသောကြောင်)့ စကားကို ကောင်းကောင်းမပြောပါ။ (အခုမှ မှန်ချိုစား၍ ပုံမှန်ပြန်ဖြစ်လာပါသည်)

အမည်မဖော်လိုသူ ကိုတက်စ်ဆိုရင်လည်း ဖိုရမ်မှာရင်ဖွင့်၍တဖုံ၊ ပြန်လာတာသံချောင်းမခေါက်လို့ဆူတာ တစ်မျိုးနဲ့ ကျွန်တော့်ကို မေတ္တာပို့ပါသည်။

အခုလို အစ်ကိုကြီးအစ်မကြီးတို့၏ စေတနာမေတ္တာ သဘောထားအမှန်ကို

မသိပဲ လျှောက်သွားကာ စိတ်ဆင်းရဲအောင်လုပ်မိသည့်အတွက် ကိုယ့်ကိုကိုယ် အမြည်းမစားပဲ ဘီယာနှစ်ခွက်ဆင့်သောက်၍ အပြစ်ပေးလိုက်ပါသည်။

တင်ပါးကိုလည်း အရှိုးရာထင်သည်အထိ ကောက်ရိုးနှင့်နာနာ ရိုက်လိုက်ပါသည်။

ညလယ်စာစားပြီးသည့်နောက် ခေါက်ဆွဲပြုတ်မှအပ ကျန်သည့်အစာမစားဘဲ အစာငတ်ခံ၍ အိပ်လိုက်ပါသည်။

ညဆိုလည်းအအိပ်ပျက်ခံကာ နေ့လည်နေဖင်ထဲဝင် သည့်အထိသာအိပ်ပါသည်။

အပြစ်ကျေအောင် ကဗျာတွေ၊ စာတွေလည်း အတိုးချ၍တင်နေပါသည်။

နောက်တစ်ခါ အပြစ်ပေးမခံရအောင် အလုပ်များရင်(အပျင်းကြီးရင်)၊အင်တာနက် နပ်မမှန်ရင်တော့ ကြိုတင် ဘွတ်ကင်လုပ်မည့်အကြောင်း…အသိပေးအပ်ပါသည်ခင်ဗျား…..

ဆီဝေ…ဆီဝေ….ဆီဝေ….၊ကုန်ပြီ….ကုန်ပြီ….ကုန်ပြီ….

11 comments:

  1. ကိုတက်စ်ရဲ့ ဆူခံထိတာတောင် နဲသေးတယ်။ မဂျစ်ကကော စကားပြန်ပြောပြီလား..

    ReplyDelete
  2. အမလေး.. အဲဒီ ဒီဝိုင်းပိုနေတာ.. သူ့ ဟာသူ လူတွေကို ဘာမှမပြောဘဲ ဗမာပြည်ပြန်တာကျတော့ ၊ ချန်ထားတယ် ။ လူကိုများ မှန်ချို စားတယ်လေး ဘာလေးနဲ့ ။

    ကိုစက်ကို အသက်ပြန်သွင်းဦးလေ ။

    တက်စ်လာက အခု အလုပ်တယ်များတာ.. ဒီဝိုင်းကို လာတောင် ဆူနိုင်မှာ မဟုတ်တော့ဘူး ။

    ReplyDelete
  3. ဟား..ဟား... ကိုတက်စ်ကဘာတွေလုပ်နေလို့လဲ?

    ReplyDelete
  4. လာပြီလာပြီ ဒေါ်သက်ရီ. ကြိုဆိုပါသည် ကိုစက်ကြည်.

    ReplyDelete
  5. အယ်.. တက်စ်လာအကြောင်း တိုး၂လေး အတင်းတုတ်မလို့.. သူက ပေါ်လာတယ်တော့ ။ အတင်းမတုတ်နိုင်တော့ဘူး အဟဲ ။

    သူက မရှုပ်တဲ့အလုပ်တွေကို ဘီယာတွေနဲ့မျှောချပြီး ၊ ရှုပ်အောင် လုပ်နေတယ် ဟဲဟဲ ၊ ချွန်လိုက်ပြီ.. တချက် ။

    ReplyDelete
  6. hahaha.. ကိုယ့်ကိုကို ပေးတဲ့ အပြစ်ဒဏ်တွေက ကြီးလိုက်တာ.. သနားစရာပဲ.. ရယ်တော့ရယ်ရတယ်.. ကိုဒီဝိုင်းရေ..

    အစ်ကိုတွေ..အစ်မတွေကြား လာရှုပ်လို့ အမြင်မကတ်ရဘူးနော်.. =)

    ReplyDelete
  7. ထင်သားပဲ မဂျစ်ကအတင်းပြောရမယ်ဆို ထီးဖြူဖိနပ်ပါးဆိုတာ …ဟီး ဟီး…

    ဒီမို ရေ…
    အပြစ်တွေက ဒါတောင်တော်တော်လျှော့ထားရတာ…ဟီး…
    ရပါတယ်…မရှုပ်ရပါဘူး…
    မျက်စိလည်သွားလို့ ပြန်ရောပြန်တတ်သေးရဲ့လား…း)

    ReplyDelete
  8. အရင်က လာဖတ်သေးတယ်.. မရေးတော့ဘူးမှတ်လို့
    နပ်မှန်အောင်ရေးတော့မယ်ဆိုလို့ ၀မ်းသာပါတယ်.

    ReplyDelete
  9. မပန် ရေ….
    လာဖတ်ဖူးတယ်ဆိုတော့ မိတ်ဆွေဟောင်းတွေပဲပေါ့..း)
    ဟုတ်ကဲ့ပါဗျာ… အားရင်လည်းလာလည်ပါ
    ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်နဲ့တည်ခင်း ဧည့်ခံပါမယ်… ဟဲ ဟဲ

    ReplyDelete
  10. ဟာသဥာဏ်နဲ့ရေးထားတဲ့ ဒီဝိုင်းစာတွေ အခုမှ ဖတ်ဖူးတော့တယ်။
    ဒီဝိုင်း ပျော်နေနိုင်သားပဲနော် ။

    ReplyDelete
  11. ဟုတ်ကဲ့ ပျော်အောင်နေပါတယ်ဗျာ ...
    ကျွန်တော့်ကို အရင်တုန်းကရောသိလို့လား?

    ReplyDelete